Friday, November 1, 2019

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှ ကြိီးမှူးကျင်းပသည့် (၁၇) ကြိမ်မြောက် ဒီပါဝလီနေ့ အထိမ်းအမှတ်ပွဲတော်နှင့် ၂၀၁၈ - ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ကြသော ကျေိာင်းသား၊ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုင်ဝင်ဘာ ၁
မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှ ကြိီးမှူးကျင်းပသည့် (၁၇) ကြိမ် မြောက် ဒီပါဝလီနေ့ အထိမ်းအမှတ်ပွဲတော်နှင့် ၂၀၁၈ - ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ကြသော ကျေိာင်းသား/ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ည ၇နာရီတွင် ရန်ကုန်မြို့ရှိ Strand Hotel ၌ ကျင်းပသည်။

အခမ်းအနားကို မင်္ဂလာဆီမီးထွန်းညှိ၍ အိန္ဒိယရိုးရာအကပဒေသာဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဦးသိန်းလွင်က နှုတ်ခွန်း ဆက်စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူးမားတို့က အမှာစကားပြောကြား ကြသည်။
ထို့နောက် ၂၀၁၈ - ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူး(၃)ဘာသာ နှင့်အထက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ကြပြီး အိန္ဒိယရိုးရာအကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ကာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ဉက္ကဋ္ဌနှင့် အသင်း၏အဖွဲ့ခွဲ ဥက္ကဋ္ဌများကို ဂုဏ်ပြု ဆုပေးအပ်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဦးချစ်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment