နေပြည်တော် နိုဝင်ဘာ ၁
(၂၁)ကြိမ်မြောက် မြန်မာ - ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါး
ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကို အောက်တိုဘာ ၂၉ ရက်မှ ၃၀ ရက်ထိ
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ကျင်းပရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး
တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး
အောင်ဝင်းဦးနှင့်အဖွဲ့၊ ထိုင်းနိုင်ငံ
မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)မှ အထွေထွေအတွင်းရေးမှူးချုပ်
Mr.NiyomTermsrisuk နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက အဖွင့်အမှာစကား ပြောကြားပြီး မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓါတုပစ္စည်းများဝင်ရောက်မှု အပေါ်သုံးသပ်၍ တားဆီး ထိန်းချုပ်နိုင်မည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု၏ အားသာချက်အားနည်းချက်၊ နှစ်နိုင်ငံနယ်စပ်တစ်လျောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ပူးတွဲစစ်ဆင်ရေးစီမံချက်များတိုးမြှင့် ဆောင်ရွက်မည့် အခြေအနေ၊ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှုခင်းများနှင့် ပတ်သက်၍ သတင်းဖလှယ်မှုများပိုမို တိုးမြှင့်နိုင်ရေးအတွက် ဆက်ဆံရေးရုံး(BLOs)များ၏ ဆောင်ရွက်မှုတိုးမြှင့် ဆောင်ရွက်ရေး၊ ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းမြှင့်တင်ဆောင်ရွက်ရေး၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကင်းလှည့် ရေယာဉ် ၂ စီးအား မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည့်အခြေအနေ၊ နှစ်ကာလ ရှည်ကြာမှုကြောင့် ယိုယွင်း ပျက်စီးနေသည့် ရန်ကုန်မြို့၊ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ် ပြတိုက်အား ထိုင်းနိုင်ငံ (ONCB)မှ ကူညီထောက်ပံ့သည့် အမေရိကန်ဒေါ်လာသုံး သိန်းသုံးသောင်းကျော်ဖြင့် ပြုပြင် ထိန်းသိမ်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများပြီးစီးသည့် အခြေအနေတို့အား ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သည် အောက်တိုဘာ ၃၁ ရက်နံ နက်ပိုင်းတွင် ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့အထူးလေယာဉ်ဖြင့် ဘန်ကောက်မြို့သို့သွားရောက်၍ ထိုင်းနိုင်ငံတော် ဝင်ရဲတပ်ဖွဲ့၊ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Chakthip Chaijinda နှင့် သွားရောက်တွေ့ဆုံခဲ့၍ နှစ်နိုင်ငံပူးပေါင်း၍ မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုကိစ္စနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ အပြန်အလှန် သတင်းဖလှယ်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်သည် ထိုင်းနိုင်ငံဒုတိယရဲချုပ်နှင့်အတူ ဘန်ကောက်မြို့မှ ဖူးခက်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖူးခက်မြို့ရှိအမှတ်(၈)ပြည်နယ် ရဲတပ်ဖွဲ့ဌာနချုပ်သို့ ရောက်ရှိ၍ ထိုင်းနိုင်ငံ ဒုတိယရဲချုပ်နှင့်လည်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment