ဗန်ကောက် နိုဝင်ဘာ ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ၏
ဖိတ်ကြားချက်အရ (၃၅)ကြိမ်မြောက်
အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွား သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမင်းသူ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စစ်ဆူဖတ်သရာ ဆီမိုင်းသရီဖိတပ်နှင့် တာဝန်ရှိသူများကနေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး ခရီးစဉ် အဖွဲ့ဝင်ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းသည် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးတို့သို့ တက်ရောက်ရန် အောက်တိုဘာ ၃ဝ ရက်က ထိုင်းနိုင်ငံသို့ ကြိုတင်ရောက်ရှိနေသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာ ရေးဝန်ကြီး Mr. Anutin Charnvirakul ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်၊ သံရုံးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုမည့် The Athenee Hotel သို့ရောက်ရှိကြသည်။
Ref; Myanmar State Counsellor Office

No comments:
Post a Comment