Tuesday, October 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် ဝန်ကြီး Mr. David Stilwell နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၂၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် ဝန်ကြီး Mr. David Stilwell ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး နှင့် အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ကြောင်းများ ထိန်းသိမ်းရေး ကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ASEANEAS ထိပ်သီးအစည်း အဝေးများဆိုင်ရာ ကိစ္စရပ်များနှင့်စပ် လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment