Tuesday, October 22, 2019

JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ အတွက် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆို

နေပြည်တော် အောက်တိုဘာ ၂၁
မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော JICA (ODA) SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၂ တွင် ထပ်မံပါဝင်လာသည့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် သည့် အဖွဲ့အစည်းများ (PFIs) နှင့် မြန်မာ့စီးပွားရေး ဘဏ်တို့အကြား စီမံကိန်းပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို အောက်တိုဘာ ၈ ရက်က နေပြည်တော်ရှိ မြန်မာ့စီးပွားရေး ဘဏ်၌ ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများနှင့် စီမံကိန်းတွင် ထပ်မံပါဝင်လာသော ဘဏ်များဖြစ်သည့် မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော် စည်ပင်ဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ပြီး သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ သည် ဂျပန်နိုင်ငံ အစိုးရက မြန်မာနိုင်ငံရှိ SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ရှည် ချေးငွေပံ့ပိုးပေးသော စီမံကိန်းဖြစ်ပြီး မြန်မာ့စီးပွားရေး ဘဏ်က Executing Agency အဖြစ် တာဝန်ယူဆောင်ရွက်ကာ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံ သားများဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ ယူနိုက်တက် အမရဘဏ် တို့အပြင် ယခု မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော် စည်ပင်ဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်တို့က ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများအဖြစ် ပါဝင်၍ SME လုပ်ငန်းများသို့ နှစ်လတ်ချေးငွေများ ထုတ်ချေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment