Tuesday, October 22, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာ့စာတိုက်လုပ်ငန်း လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဗဟိုစာတိုက်ကြီးရှိ မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် လုပ်ငန်း သစ်များကို တိုးချဲ့ဆောင်ရွက် နေသည့်အတွက် ဘဏ္ဍာရေးနှစ် တစ်နှစ်ထက်တစ်နှစ် ဝင်ငွေ တိုးတက် လာသည့်အပြင် ဝင်ငွေနှင့် အသုံးစရိတ်များကို အဂတိတရားကင်းရှင်းစွာ ဖြင့် စနစ်တကျ ဆက်လက်စိစစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ရည်မှန်းချက်ပြည့်မီ၍ ပြည်သူများ၏ ယုံကြည်မှုကို တိုးတက်ရရှိအောင် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးသာဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment