Sunday, October 6, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့နှင့်တွေ့ဆုံ



ရန်ကုန် အောက်တိုဘာ ၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ မွန်းလွှဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်းစာတိုက်သို့ သွားရောက်ပြီး စာတည်းအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။


ထို့သို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက The Global New Light of Myanmar သည် နိုင်ငံတော်အစိုးရအာဘော်ကို ထင်ဟပ် သည့် တစ်ခုတည်းသော အင်္ဂလိပ်သတင်းစာဖြစ်သည့်အတွက် အရည်အသွေးဘက်စုံ ပြည့်မီရန်၊ ကိန်းဂဏန်း အချက်အလက် များ မှန်ကန်တိကျရန်နှင့် အင်္ဂလိပ်စာ အရေးအသားပိုင်းဆိုင်ရာ အမှားကင်းစင်ပြီး စံမှီရန် အရေးကြီးပါကြောင်း၊ မိမိတို့၏ ရည်မှန်း စာဖတ်ပရိတ်များအတွက် အမှန်တကယ် အားကိုးအားထားပြုနိုင်အောင် မိမိတို့အားလုံး ကြိုးစားအားထုတ်ရမည် ဖြစ်ပါကြောင်းနှင့် စာတည်းအဖွဲ့အနေဖြင့် လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် မှာကြား သည်။

ထို့နောက် The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့က လိုအပ်သည်များကို ဆွေးနွေးတင်ပြ ကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး The Global New Light of Myanmar သတင်းစာ ပုံနှိပ်စက်ခန်းကို လှည့်လည်ကြည့်ရှုသည်။
(သတင်းစဉ်)

No comments:

Post a Comment