Monday, October 21, 2019

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မံစီမြို့နယ်များအတွင်းရှိ တိုက်ပွဲရှောင် စခန်းများသို့ ကွင်းဆင်းကြည့်ရှုထောက်ပံ့

နေပြည်တော် အောက်တိုဘာ ၂၀

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော် ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အဖွဲ့ဝင်များဖြစ်ကြသော ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်း ဦးစီးဗိုလ်မှူးကြီး ဗိုလ်မှူးကြီး ထွန်းနေလင်း၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်ရှိ ဂျာမိုင်ကောင်း RC စခန်းသို့ရောက်ရှိ ပြီး တိုက်ပွဲရှောင် ပြည်သူ များနှင့်တွေ့ဆုံကာ ၎င်းတို့၏ မူလနေရပ်များတွင် ပြန်လည်နေရာချထားရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ သည်။

တွေ့ဆုံပွဲ၌ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ချီဖွေ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြန်လည်အခြေချ နေထိုင်ကြမည့် ကျေးရွာများ၏ လုံခြုံရေး၊ မိုင်းရှင်းလင်းရေး၊ နေအိမ်များဆောက် လုပ်ပေးရေး၊ သောက်သုံး ရေ ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စ၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင် နိုင်ရန်အတွက် လိုအပ်သည်များ ထောက်ပံ့ပေးနိုင်ရေး ကိစ္စရပ်များကို ဆောင်ရွက်ပေး စေလိုပါကြောင်း စသည်တို့ကို ဆွေးနွေး ပြောကြားကြသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းရာတွင် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာ ချထားရေးအတွက် လုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်နေ ပါကြောင်း၊ မိမိမှ အဖွဲ့ ခေါင်းဆောင်အဖြစ်ဦးဆောင်၍ ပြန်လည်နေရာချထားရေးအတွက် အဓိက လိုအပ်ချက်များ ဖြစ်သည့် စားဝတ် နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိုင်းရှင်းလင်းရေး၊ မိမိတို့၏ မြေယာများပြန်လည် ဖော်ထုတ်ရေး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးရေး စသည့်အချက်များကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း၊ တိုက်ပွဲရှောင်ပြည် သူများမှလည်း ပူးပေါင်းပါဝင်ခြင်းဖြင့် လုပ်ငန်း များ ပိုမိုမြန်ဆန်စေမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စခန်းရှိသူများအား ငွေများထောက်ပံ့ပေးခဲ့ပြီး မူကြိုကျောင်းမှ ကလေးငယ်များအား ကစားစရာ အရုပ်များနှင့် မုန့်များကို ဝေငှပေးသည်။

မူလနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်

ဂျာမိုင်ကောင်း(RC)စခန်းမှ တာလောကြီးကျေးရွာသို့ အိမ်ထောင်စု ၅၉ စုမှ လူဦးရေ ၃၁၂ ဦး၊ ချီဖွေမြို့နယ် ကန်ပိုင်ယန်ရပ်ကွက်သို့ အိမ်ထောင်စု ၃၇ စုမှ လူဦးရေ ၁၇၃ ဦးနှင့် ရစ်ဂျော်ကျေးရွာသို့ အိမ်ထောင်စု ၁၂ စုမှ လူဦးရေ ၆၄ ဦးတို့သည် မိမိတို့၏ မူလနေရပ် ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝိုင်းမော်မြို့ မိုင်းနား( RC)စခန်းသို့ ရောက်ရှိခဲ့ပြီး မိုင်းနား(RC)စခန်းရှိသူများအား ငွေကြေးထောက်ပံ့ပေးအပ် ရာ စခန်းတာဝန်ခံများနှင့် အဖွဲ့က လက်ခံရယူကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝိုင်းမော် မြို့နယ်တာလောကြီးကျေးရွာသို့ သွားရောက်ကာ မူလ နေရပ်သို့ ပြန်လည်အခြေချနေထိုင်ကြမည့် တိုက်ပွဲရှောင် ပြည်သူများ၏ မြေနေရာများ၊ နေအိမ်များကို သွားရောက် ကြည့်ရှုခြင်း၊ တာလောကြီးကျေးရွာတွင် နေထိုင်လျက်ရှိ သည့် ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာသို့ သွားရောက်ကာ မူလနေရပ်သို့ ပြန်လည်အခြေချနေထိုင် ကြမည့် တိုက်ပွဲရှောင်ပြည်သူများ၏ မြေနေရာများ၊ နေအိမ် များ၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ် ပေးနိုင်မည့် အခြေ အနေများ၊ ကျေးလက်ဆေးပေးခန်းနှင့် မူလတန်းကျောင်း နေရာများ၊ ရွာတွင်း အူကြောင်းလမ်းရှင်းလင်းပေးနေမှု အခြေအနေများကို ကြည့်ရှုစစ် ဆေးသည်။

ယင်းနောက် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေထိုင်လျက်ရှိသည့် နန်ဆန်ယန် ကျေးရွာသို့သွားရောက် ကာ လက်ရှိနေထိုင်လျက်ရှိသည့် အခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများ၊ ထပ်မံဖြည့် ဆည်းပေး ရမည့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ငွေကြေး ထောက်ပံ့ပေးအပ်ရာ ကျေးရွာ အကျိုးဆောင် တာဝန်ခံက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ကျေးရွာအတွင်းရှိ ကက်သလစ်ဘုရား ကျောင်းဝင်းအတွင်း ဆောက်လုပ် လျက်ရှိသည့် ကျောင်းသား ကျောင်းသူများနေထိုင်ရန် ဘော်ဒါဆောင်အတွက် စိန်မောင်နှမ ကုမ္ပဏီလီမိတက်က အလှူငွေ ကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ဘုရားကျောင်း တာဝန်ရှိသူက လက်ခံရယူသည်။ ဆက်လက်၍ တိုက်ပွဲရှောင် ပြည်သူများပြန်လည် နေရာချထားမည့် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ နားလုံ၊ တုံဟုန်းယန် ကျေးရွာများ၊ မိမိဆန္ဒနှင့်အညီ ပြန်လည်နေထိုင်လျက်ရှိသည့် လွယ်မောက်ယန်ကျေးရွာနှင့် ဒိန်ဂါယန် ကျေးရွာများသို့ ၀င်ရောက်ကြည့်ရှုသည်။

သက်ကြီးဘိုးဘွားများအား ထောက်ပံ့

မွန်းလွဲပိုင်းတွင် မံစီမြို့နယ် မုန်ဒိန်ပါကျေးရွာသို့ သွားရောက်ခဲ့ပြီး မိမိဆန္ဒအရ မူလနေရပ်သို့ ပြန်လည် နေထိုင်လျက်ရှိသည့် ပြည်သူများနှင့်တွေ့ဆုံခဲ့ကာ အားပေးစကားများ ပြောကြားခြင်း၊ လတ်တလော ဆောင်ရွက်ရမည့် ကိစ္စများ၊ ရေတို၊ ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ပေး မည့်ကိစ္စများကို ရှင်းလင်း ပြောကြားပြီး မွေးကင်းစကလေး ငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးဘိုးဘွား များအား ငွေကြေး ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ မံစီမြို့နယ် မိုင်းခေါင် IDP Camp နှင့် မံစီမြို့ ကောင်းရာရပ်ကွက် KBC Camp ရှိ စခန်းနေပြည်သူ များနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး မိမိနေရပ် များသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ စခန်းနေသူများအား ငွေကြေး ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံနှင့် အဖွဲ့က လက်ခံ ရယူသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နှစ်ရက်အတွင်း မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မံစီမြို့နယ်များ အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၅၀၈၄၄၁၃၅ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်

No comments:

Post a Comment