Wednesday, October 30, 2019

အမျိုးသားအဆင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ် မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ



နေပြည်တော် အောက်တိုဘာ ၃၀

အမျိုးသားအဆင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ် မိတ်ဆက်ပွဲအခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။


အခမ်းအနားတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါရေးဆွဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်သည် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို လက်တွေ့ကျကျ ဖော်ဆောင်ပေးရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRC) အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်မှစတင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ မိမိတို့ အစိုးရ လက်ထက်တွင် ကလေးသူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင် ပေးရာ၌ UNCRC စံချိန်စံနှုန်းများ၊ ပြောင်းလဲ လာသော ခေတ်စနစ်များနှင့် ကိုက်ညီအောင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပေဒ (၂၀၁၉)ကို အသစ်ရေးဆွဲ ပြဋ္ဌာန်းပေးခဲ့ ကြောင်း၊ ကလေးသူငယ်များ မဖြစ်မနေ ရရှိမည့်အခွင့်အရေး (၄)မျိုးဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် လူမှုအသိုက်အဝန်း အတွင်း ပါဝင်ဆောင်ရွက်ခွင့်တို့ကို ဖော်ဆောင်ပေးရန် ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် မူဝါဒဖြစ်အောင် ရေးဆွဲဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ ဌာနေ ကိုယ်စားလှယ် Ms June Kunigi က အမှာစကား ပြောကြားသည်။

ယင်းနောက် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကလေး သူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒ ရေးဆွဲရေးနှင့် ဥပဒေ တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက မူဝါဒရေးဆွဲရေး နှင့်စပ်လျဉ်း၍ အထွေထွေ ဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment