Monday, October 7, 2019

ပရဟိတအကျိုးဆောင်အလှူရှင်များ (ရန်ကုန်မြို့)၏ အဋ္ဌမအကြိမ် မြောက် သာမဏေအပါး ၁၈၀၀ နှင့် သီလရှင်အပါး ၆၀၀ တို့အား ဝါဆို သင်္ကန်းနှင့် သီလရှင်ဝတ်စုံများလှူဒါန်း


ရန်ကုန် အောက်တိုဘာ ၆

ပရဟိတ အကျိုးဆောင်အလှူရှင်များ(ရန်ကုန်မြို့)က ကြီးမှူး ကျင်းပသော အဋ္ဌမ အကြိမ်မြောက် သာမဏေအပါး ၁၈၀၀ နှင့် သီလရှင် အပါး ၆၀၀ တို့အား ဝါဆိုသင်္ကန်းနှင့် သီလရှင်ဝတ်စုံများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲ၁နာရီတွင် ရန်ကုန်မြို့ သာကေတမြို့နယ် ဇိနမာရ်အောင် စေတီတော် မြတ်ကြီးအတွင်းရှိ ဝိမုတ္တိရသဓမ္မာရုံကြီး၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ မိတ္ထီလာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကော ဝိဒထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော် များက ပရိတ်တရားတော်များ ရွတ်ပွားသ ရဇ္စျာယ်တော်မူကြပြီး အလှူရှင် များနှင့် ပရိသတ်တို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မူလဆယ်တောင်ပြည့် ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်ဆုများရှင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ဣဒ္ဓိဗလက ယနေ့သာသနာတော်ကြီးအား ချီးမြှောက် လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ဖွယ် စကားမြွက်ကြားပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တိုင်းဒေသကြီး သာသနာရေး မှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက လှူဒါန်းရခြင်း အကြောင်းကို လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒက အနုမောဒနာ တရားမြွက်ကြား ကာ ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှ ပေးဝေကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။
ယနေ့ လှူဒါန်းပွဲတွင် မူလဆယ်တောင်ပြည့် ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်နှင့် အလှူရှင်များ၊ ပရဟိတအကျိုးဆောင် အလှူရှင် များ(ရန်ကုန်မြို့)တို့က သာမဏေအပါး ၁၈၀၀ နှင့် သီလရှင် အပါး ၆၀၀ တို့အတွက် ငွေကျပ် ၁၃၀၅ သိန်းတန်ဖိုးရှိ ဝါဆိုသင်္ကန်းနှင့် သီလရှင် ဝတ်စုံများ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment