Thursday, October 24, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံသို့ ရုပ်ရှင်၊ ရုပ်သံနှင့် သတင်းဌာနများ လေ့လာရန်နှင့် တိုကျို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တက်ရောက်ရန်ထွက်ခွာ




ရန်ကုန် အောက်တိုဘာ ၂၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ဂျပန်နိုင်ငံသို့ ရုပ်ရှင်စတူဒီယိုနှင့် သင်တန်း ကျောင်းများ၊ ရုပ်ရှင်စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်များ၊ ရုပ်သံနှင့် သတင်းဌာနများ၊ ရုပ်ရှင်ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှုကုမ္ပဏီများ လေ့လာရန်နှင့် တိုကျိုနိုင်ငံတကာရုပ်ရှင်ပွဲတော် တက်ရောက်ရန်အတွက် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA ၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိလ္လာစိုး၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ စာတည်း ဒေါ်ခင်ရတနာ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒါရိုက်တာ အေဝမ်းဦးသိန်းထွဋ်၊ Save Myanmar Film မှ ဒါရိုက်တာ ဦးဥက္ကာ၊ Third Floor Film & Festival Service မှ ဒါရိုက်တာ ဦးသိဒ္ဓိနှင့် ဒေါ်သူသူရှိန်တို့ လိုက်ပါသွားကြသည်။

(သတင်းစဉ်)

No comments:

Post a Comment