Thursday, October 24, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမျိုးသားပညာရေး မဟာ ဗျူဟာစီမံကိန်း (၂၀၂၁- ၂၀၃၀) ရေးဆွဲပြုစုရေး ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်



နေပြည်တော် အောက်တိုဘာ ၂၄

ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုရေးပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် ကဏ္ဍများ အလိုက် လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမဏ္ဍိုင် (၃)၊ ပန်းတိုင် (၄) ၂၁ ရာစုလူမှု အဖွဲ့အစည်းအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်ပေါင်းစည်းမှုရှိရန် လိုအပ်ကြောင်း၊ ထို့ပြင် အမျိုးသားပညာ ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) လုပ်ငန်းစဉ် များ၏ စီမံကိန်းကာလအတွင်းရလဒ်များ၊ စီမံကိန်းအပြီး ရလဒ်များကိုဖော်ပြရာတွင် တိကျမှုရှိသည့် အညွှန်းကိန်း (Indicator) များကို ဖော်ပြနိုင်ရန်လိုအပ်ပါကြောင်း၊ ကဏ္ဍအလိုက်ရေးသားပြုစုသော အဖွဲ့ဝင်များထဲတွင် ပညာရှင်များ နယ်ပယ်စုံက ပါဝင်ရန်လိုအပ်ကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲ ပြုစုခြင်းတွင် ပါဝင်ဆောင်ရွက်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုမည့် အရည်အသွေး ရှိသော သင်ယူမှု အခွင့်အလမ်းမြှင့်တင်မှုကို ကြိုးပမ်းဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် အတူလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပြုစုရေးဆွဲရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အုပ်စုငယ်များခွဲ၍ဆွေးနွေးခြင်းကို ဆောင်ရွက်ကြသည်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုရေး ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment