ရန်ကုန် အောက်တိုဘာ ၁၄
ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီး၌ မွေးရာပါ
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ
ကလေးငယ်များအား သတ္တမ အကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ကလေးငယ်များအတွက် လှပသော အပြုံးပိုင်ရှင်များနှင့် အောင်မြင်သောအနာဂတ်များ ပိုင်ဆိုင် နိုင်စေရန် အတွက်
ဝိတိုရိယကျန်းမာရေး ထောက်ပံ့ကူညီ စောင့်ရှောက်ရေး
ဖောင်ဒေးရှင်းနှင့် အမေရိကန်နိုင်ငံ Alliance
For Smiles Organization တို့ ပူးပေါင်းကာ Smile
With Victoria အစီအစဉ်ဖြင့် ၂၀၁၄ ခုနှစ် မှစတင်ကာ နှစ်စဉ်အောက်တိုဘာလတွင် ကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်
အောက်တိုဘာလတွင် သတ္တမအကြိမ်မြောက် အခမဲ့ခွဲစိတ် ကုသပေးရန်အတွက် ကလေးငယ် ၁၂၀ ကို စုဆောင်းထားပြီး ၎င်းတို့ကို စစ်ဆေး၍ ခွဲစိတ်ကုသရန်
သင့်လျော် သူများကို အောက် တိုဘာ ၁၄ ရက်မှ ၂၅
ရက်အထိ ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း
သိရသည်။ “ကျွန်မတို့ အမေရိကန်နိုင်ငံက
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကုသတဲ့
အဖွဲ့နဲ့ ခုနစ်ကြိမ်မြောက် ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပါတယ်။ အခုဆိုရင် ကလေးပေါင်း ၅၅၀ ကျော်ကို လှပတဲ့ အပြုံးတွေ ရအောင်
ခွဲစိတ်ပေးပြီးပါ ပြီ။ တကယ်တော့ ဒီလိုမျိုးဖြစ်တဲ့
ကလေးတွေဟာ ရုပ်ခန္ဓာတွေ ခံစား ရတာ မဟုတ်ဘဲနဲ့ လူမှုရေးမှာ အပယ်ခံရတာတွေရှိတယ်။ သူတို့ကို
ကိုယ်ပိုင်ယုံကြည်မှု ပြန်လည်
တည်ဆောက်အောင်လည်း သူတို့ရဲ့ လူမှုရေးလောကထဲမှာ တခြားကလေးတွေနဲ့ နည်းတူ ပျော်ရွှင်နိုင် အောင်လုပ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်”ဟု ဝိတိုရိယ ကျန်းမာရေး ထောက်ပံ့ကူညီ စောင့်ရှောက်ရေးဖောင်ဒေးရှင်းမှဥက္ကဋ္ဌ
ဒေါက်တာ အေးအေးစန်းက ပြောသည်။
အဆိုပါအစီအစဉ်ကို ဝိတိုရိယ ဆေးရုံကြီး၌ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် မတ်လတွင် ကလေးငယ် နှုတ်ခမ်းကွဲ ၉၈ ဦး၊ ဒုတိယအကြိမ် အဖြစ် အောက်တိုဘာလတွင် ၉၁ ဦး၊ တတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ၈၉ ဦး၊ စတုတ္ထအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ၉၀ ၊ ပဉ္စမ အကြိမ်အဖြစ် ၂၀၁၇ ခုနှစ် အောက်တို ဘာလ တွင် ၈၃ ဦး၊ ဆဋ္ဌမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ၉၇ ဦး စုစုပေါင်းကလေးငယ် ၅၄၈ ဦး ကို အောင်မြင်စွာခွဲစိတ်ကုသ ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

Smile With
Victoria နှင့် ခွဲစိတ် ပြုပြင်မှုအတွက်
ပီတီတီအီးပီမြန်မာစီမံကိန်းအစီအစဉ်ဖြင့် ခွဲစိတ်ကုသမှုခံယူရန် လာရောက်ကြသော မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် များမှာ
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ
လာရောက်ကြခြင်းဖြစ်သည်။
ကလေးငယ်များအားလုံးကို လာရောက်ပြသချိန်မှ ဆေးရုံ ဆင်းချိန်အထိ လိုအပ်သောစစ်ဆေးမှု များ၊ ခွဲစိတ်ကုသခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ခရီးစရိတ်များပါ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
ကလေးငယ်များအားလုံးကို လာရောက်ပြသချိန်မှ ဆေးရုံ ဆင်းချိန်အထိ လိုအပ်သောစစ်ဆေးမှု များ၊ ခွဲစိတ်ကုသခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ခရီးစရိတ်များပါ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
အေကေလင်း

No comments:
Post a Comment