ဂျာကာတာ
အောက်တိုဘာ ၁၉
အင်ဒိုနီးရှားသမ္မတနိုင်ငံ
အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့မှ ဂျကာတာမြို့သို့
လေကြောင်းခရီး ဖြင့် ထွက်ခွာသွားသည်။
ဒုတိယသမ္မတ
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ
သံအမတ်ကြီး ဒေါက်တာအီဇာဖာဒရီနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌
ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အတူ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည်
ဒေသစံတော်ချိန် ညနေ ၆နာရီတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျာကာတာမြို့သို့ ရောက်ရှိကြရာ
အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းဝန်ကြီး Mr.
Bambang P.S.Brodjonegoro နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း
ကိုယ်စားလှယ် ဦးမင်းလွင်နှင့်ဇနီး မြန်မာ စစ်သံမှူး ဗိုလ်မှူးချုပ် ဖြိုးဇော်စိုးနှင့်
ဇနီး၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက
ဆိုကာနိုဟတ္တ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက်
ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် ဂျာကာတာမြို့ရှိ
Mandarin Oriental Hotel သို့ ရောက်ရှိကြသည်။
ထို့နောက်
ဒုတိယသမ္မတသည် Mandarin Oriental Hotel ၌ အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ စစ်သံမှူးနှင့် သံရုံး၊ အမြဲတမ်းကိုယ်စား
လှယ်အဖွဲ့ရုံး၊ စစ်သံရုံးတို့မှ ဝန်းထမ်းများနှင့် မိသားစုဝင်များ၊ အင်ဒိုနီးရှားနိုင်ငံသို့
ရောက်ရှိနေကြသည့် မြန်မာလူမှု အသိုက်အဝန်းတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံကာ လက်ဆောင်
ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက်
ဒုတိယသမ္မတသည် မြန်မာသံအမတ်ကြီး တည်ခင်းဧည်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
(သတင်းစဉ်)
No comments:
Post a Comment