ရန်ကုန် အောက်တိုဘာ ၁၃
(၁၀)ကြိမ်မြောက် မဲခေါင်စာပေဆု
ချီးမြှင်ပွဲသို့ တက်ရောက်ကြသည့်
မဲခေါင်ခြောက်နိုင်ငံ (ဗီယက်နမ်၊ ကမ္ဘောဒီးယား ၊ လာအို ၊ ထိုင်း ၊ ယူနန်(တရုတ်)နှင့် အိမ်ရှင်မြန်မာနိုင်ငံ) မှ စာရေး ဆရာ အသင်းများ၏ ဥက္ကဋ္ဌများ ၊ တာဝန်ရှိသူများနှင့်
ဆုရစာရေးဆရာများသည် ယနေ့တွင်
ပဲခူးမြို့ရှိတန်ခိုကြီးဘုရားစေတီ တော်များနှင့် ကမ္ဘောဇသာဒီနန်းတော် သို့ သွားရောက်ဖူးမြော်ကြသည်။
ဧည့်သည် တော်များသည် ခေတ္တ တည်းခိုသည့် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှ နံနက် ၈နာရီ တွင်
ထွက်ခွာ ကြရာ ပဲခူးမြို့သို့ နံနက် ၁ဝ နာရီ
၁၅နာရီတွင် ရောက်ရှိကြပြီး ဘုရားများ
ဖူးမြော် ကြည်ညိုကြကာ
ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:
Post a Comment