ရန်ကုန် အောက်တိုဘာ ၁၃
(၁၀)ကြိမ်မြောက်မဲခေါင်စာပေဆု
ချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၂
ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ဆရာစံပလာဇာ(၅)လွှာရှိ CBC (Ballroom)၌ ကျင်းပသည်။
အခမ်းအနားတွင်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဲခေါင်စာပေဆုသည် မဲခေါင်ဒေသအတွင်းရှိ စာပေပညာရှင် အချင်းချင်း နှင့်
ပြည်သူအချင်းချင်း ပိုမိုချစ်ခင်ရင်းနှီးမှုရှိစေခြင်း
ကြောင့် ယင်းအစဉ် အလာကောင်းကို
ထာဝရရှင်သန်နေစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)က ကြို ဆိုနှုတ်ခွန်း
ဆက်စကားပြောကြားပြီး မဲခေါင်ဒေသ
(၅)နိုင်ငံမှစာရေးဆရာအသင်း ဥက္ကဋ္ဌများဖြစ်ကြ သည့် ဗီယက်နမ်စာရေးဆရာအသင်းဥက္ကဋ္ဌ Mr.Huu Thinh ၊ လာအိုစာရေး ဆရာအသင်းဥက္ကဋ္ဌ Mr.Thongbay Phothisane ၊ ကမ္ဘောဒီးယား (Khmer)စာရေးဆရာအသင်းဥက္ကဋ္ဌ
Mr.Proeung Pranit ၊ ထိုင်းစာရေး ဆရာအသင်းဥက္ကဋ္ဌ Mrs. Kanokwalee Kanthairaj နှင့် တရုတ် (ယူနန်
ပြည်နယ်)စာရေးဆရာအသင်းဥက္ကဋ္ဌ Mr.Fan Wen တို့ကနှုတ်ခွန်းဆက် စကားများ
ပြောကြား ကြသည်။
ယင်းနောက်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆုရရှိကြသော ဗီယက်နမ် ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ တရုတ်
(ယူနန်ပြည်နယ်)တို့မှ စာရေးဆရာ၊
ဆရာမများနှင့် မြန်မာနိုင်ငံမှ စာရေးဆရာ ဖိုးကျော့ (မြေဆီမည်းမည်းသွေးရဲရဲ ဝတ္ထုရှည်)နှင့် စာရေးဆရာ ကိုရိုးကွန့်
(ဖြောင့်ဖြောင့် စင်းစင်း
ဝတ္ထုတိုများ) တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင် ထွန်း နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်းဒေသကြီး
တရားသူကြီးချုပ် ဦးလှအေး၊
တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အခမ်းအနားနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း
(မနုဿကျော်ဝင်း) က``မဲခေါင်စာပေအဖွဲ့ဝင် အနေနဲ့
မြန်မာနိုင်ငံအပါ အဝင် ခြောက်နိုင်ငံရှိပါတယ်။ အဲဒီ
အဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘောတူညီချက်အရ အခုလို ဆုပေးပွဲကိုနှစ်စဉ်ကျင်းပတယ်။ ဆုကိုလည်းနိုင်ငံ
အလိုက် စာအုပ်နှစ်အုပ်စီရွေးချယ်ကြတယ်။
မြန်မာနိုင်ငံ အနေနဲ့ အိမ်ရှင်အဖြစ် ၂၀၁၈
ခုနှစ်မှာ ကျင်းပခွင့်ရတယ်။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံ စာရေးဆရာအသင်းရဲ့ မေတ္တာရပ်ခံမှုအရ ၂၀၁၈ မှာသူတို့ကို
အလှည့်ပေးလိုက်ပြီး ဒီနှစ်မှာ
မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ကျင်းပရတာဖြစ် ပါတယ်။ ရှေ့နှစ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမှာ
ဖြစ်ပါတယ်။ အလှည့်ကျ ဆောင်ရွက်တာဖြစ်တဲ့အတွက်
ကမ္ဘောဒီးယားနိုင်ငံကတော့ ဒုတိယ
အကြိမ်ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲတွေဟာ စာပေပေါင်းကူးတံတားနဲ့ မဲခေါင်ဒေသနိုင်ငံတွေ အချင်းချင်းဆက်သွယ်ပေးတဲ့ တံတား သဖွယ်ဖြစ်ပါတယ်´´ဟုပြောသည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံစာရေးဆရာ အသင်းအနေဖြင့် အိမ်ရှင်အဖြစ်
ပထမဆုံး အကြိမ် တာဝန်ယူ ကျင်းပခြင်းဖြစ်ပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏
ကူညီပံ့ပိုးပေးမှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနား၏
ဆောင်ပုဒ်မှာ ``စာပေက မွေးဖွား ပေးသော ရင်းနှီး
ချစ်ကြည် သွေးစည်းမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့်
တိုးတက်ပွား များစေရန် (To preserve and
promote the Unity and fraternity, born of Literature) ´´ ဖြစ်ကြောင်းသိရသည်။
အဖွဲဝင်နိုင်ငံများရှိ စာရေးဆရာများ၏ စာပေလက်ရာများကို ထိုက်တန်စွာ ဖော်ထုတ်ချီး
မြှင့်နိုင်ရန်၊ အဖွဲ့ဝင်နိုင်ငံများ၏
စာပေပရိတ်သတ်များအား မဲခေါင်ဒေသရှိ
မိတ်ဆွေနိုင်ငံများ၏ စာပေ နှင့် ဘဝကို ပိုမိုသိရှိနားလည် စေရန် ၊ ဒေသတွင်းနိုင်ငံများ၏ စည်းလုံးညီညွတ်မှု
ပိုမိုခိုင်မာလာအောင် တက်ကြွစွာဆောင်ရွက်ရန်နှင့်
ဒေသတွင်းနိုင်ငံအချင်းချင်း ပူးပေါင်း ဆောင် ရွက်မှုနှင့် ချစ်ကြည် ရင်းနှီးမှုကို
တည်ဆောက်နိုင်စေရန် ရည်ရွယ် ၍
အဆိုပါဆုပေးပွဲများကို ကျင်းပခြင်းဖြစ်ကြောင်းသိရ သည်။
သတင်း-ဇော်ကြီး၊
ဓာတ်ပုံ-ဖေဇော်
ဓာတ်ပုံ-ဖေဇော်
No comments:
Post a Comment