Wednesday, October 16, 2019

သာယာ၀ပြောစည်ပင်သည့် ကမ္ဘာကြီးအဖြစ် ရပ်တည်ဖို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းစို့


ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြား တိုးပွားလျက် ရှိနေ၍ စားနပ်ရိက္ခာသည် အမြဲလိုအပ် လျက်ရှိနေသည်။ လူဦးရေတိုးပွားလာသကဲ့သို့ စိုက်ပျိုး၍ရသော မြေဧရိယာ တိုးပွားလာခြင်း မရှိခြေ။ မူလရှိရင်းစွဲ စိုက်ပျိုးမြေ ကိုသာ အထွက်နှုန်းကောင်းရန် စိုက်ပျိုးထုတ်လုပ် လျက်ရှိနေသည်။ လက်ရှိ ကမ္ဘာပေါ်ရှိ စိုက်ပျိုး၍ ရရှိသော မြေဧရိယာသည်လည်း လူသား အားလုံးအတွက် လုံလောက်သော အစားအစာများ ထုတ်လုပ်နိုင်မှု ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး ၏ လေ့လာမှုအရ သိရသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းရိက္ခာလုံလောက်မှုသာမက နိုင်ငံခြားသို့ တစ်နှစ်ထက်တစ်နှစ် ပိုမိုတင်ပို့နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ လယ်ယာကဏ္ဍနှင့် ကျေးလက်ကဏ္ဍ ဖွံ့ဖြိုးမှုလုပ်ငန်းများကို နှစ်စဉ်စီမံကိန်း၊ နှစ်တိုငါးနှစ်စီမံကိန်း၊ အနှစ်(၂၀) စီမံကိန်း၊ အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများဖြင့် ဆောင်ရွက်၍ အကောင်အထည်ဖော်လျက်ရှိသည်။

▲ သွင်းအားစုများ စီမံဆောင်ရွက် ▲
ထိုကဲ့သို့ စီမံချက်ချပုံဖော်ဆောင်ရွက်နိုင်စေရန် အတွက်လည်း နိုင်ငံတော်အပိုင်းမှ စိုက်ပျိုးရေရရှိရေး အတွက် ဆည်မြောင်းတာတမံများနှင့် မြစ်ရေတင်စီမံ ကိန်းများတည်ဆောက်ပေးခြင်း၊ ရေမြေရာ သီဥတုနှင့်ကိုက် ညီသည့် မျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ စားနပ် ရိက္ခာထုတ် လုပ်ရန် စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့ သည်အထိစက် ကိရိယာသွင်းအားစုများ စီမံဆောင်ရွက် ပေးခြင်းများ ပံ့ပိုးပေးလျက်ရှိသည်။
နိုင်ငံတိုင်း နိုင်ငံတိုင်း မိမိတို့နိုင်ငံရှိ လူဦးရေ တိုးပွား လာမှုနှင့်အတူ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး ထုတ်လုပ်မှုအပိုင်းကို ကြိုးစားဆောင်ရွက်လျက် ရှိကြ သည်။ မည်သို့ပင်စားနပ်ရိက္ခာ ဖူလုံအောင်ဆောင်ရွက်နေ သော်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့လူဦးရေသန်း ၈၀၀ လောက်မှာ အစားအစာ ဝဝ လင်လင် မစားသုံနိုင်ဘဲ အိပ်ရာဝင်ခဲ့ရသည်ဟု ကမ္ဘာ့စား နပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO) ကဆိုသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ပြည်တွင်း၊ ဒေသတွင်း မငြိမ်သက်မှုပြဿနာ များ၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၊ သဘာ၀ဘေး အန္တရာယ်များနှင့်ကြုံ တွေ့ရမှု၊ ဆင်းရဲနွမ်းပါးမှုများကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ် သည်။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာ၀ဘေးအန္တရာယ် များကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လယ်ယာကဏ္ဍ ကြီး ထိခိုက်ပျက်စီးမှုများရှိနေကြောင်း သိရသည်။ ထိုကဲ့သို့ ကြုံတွေ့နေရသူ အများစုမှာ ကျေးလက် ဒေသများတွင် နေသူများ၊ အစွန်အဖျားဒေသများတွင် နေထိုင်သူများ၊ အကြောင်း အမျိုးမျိုး ကြောင့်ရွှေ့ပြောင်းနေထိုင်ကြသူများ ဖြစ်ကြသည်။ ယနေ့ကမ္ဘာကြီးတွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ လူများ၏ နေထိုင်သွားလာမှု၊ အသက် မွေးမှုနှင့်စားသောက်မှုပုံစံများ ပြောင်းလဲ လျက်ရှိသည်။
▲ အသင့်စား အစားအစာများစားသောက်လာ ▲
အထူးသဖြင့် လူအများစုမှာ ရာသီသီးနှံ၊ အပင်အခြေခံ သီးနှံနှင့်အမျှင်များ သောအစားအစာများ (အစား)ကယ်လို ရီများသော ပြုပြင်ပြီး အစားအစာများနှင့် အသားစားသုံးမှုများပြားလာတာ တွေ့ရသည်။ မြို့ပြတွေမှာလည်း အိမ်မှာချက်ပြုတ်စားသောက်ခြင်းထက် အသင့်စား အစား အစာများကိုစူပါမားကက်များ၊ ၂၄ နာရီ ဆိုင်များနှင့် စားသောက်ဆိုင်များတွင်ဝယ်ယူစားသောက် မှုများပြားလာတာ တွေ့နေရ သည်။
တစ်ဖက်မှာလည်း ကျေးလက်ဒေသများတွင် နေထိုင် ပြီးစိုက်ပျိုး မွေးမြူရေး လုပ်ငန်းနှင့် အသက်မွေးကြသည့်တောင်သူလယ်သမား များအနေဖြင့် ရာသီဥတုဖောက်ပြန် မှု၊ သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှု တို့အရ ဝင်ငွေ နည်းပါး မှုကြောင့် လတ်ဆတ်သည့်အသားနှင့် အာဟာရပြည့်ဝ သည့် အစားအစာများကို စားနိုင်ရန် အခွင့်အရေး နည်းပါး လျက်ရှိကြောင်း တွေ့ရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း ပြီးအာဟာရပြည့်ဝသော စားနပ်ရိက္ခာများဖူ လုံစွာ ထုတ်လုပ်နိုင်ရန် ချမှတ်ပြီးဖြစ်သည့် “စိုက်ပျိုးရေး ဖွံ့ဖြိုးတိုး တက်မှု မဟာဗျူဟာ”နှင့်အညီ ကောင်းမွန်သော စီမံ အုပ်ချုပ်မှု၊ ကုန်ထုတ်စွမ်းအား တိုးတက်စေမှု၊ ဈေးကွက် ချိတ်ဆက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုဆိုသည့် မဟာဗျူဟာ မဏ္ဍိုင် (၃)ရပ်နှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်။ လက်ရှိအားဖြင့် အဓိကစားသုံးကြသည့် ဆန်နဲ့အခြားသီးနှံ ထွက်ရှိမှုမှာ ပြည်တွင်းစားသုံးမှုအတွက် ဖူလုံလျက်ရှိပြီး ပိုလျှံမှုကို ပြည်ပသို့ တင်ပို့လျက်ရှိသည်။
လက်ရှိ မြန်မာ့လယ်ယာကဏ္ဍတွင်လည်း လယ်ယာ လုပ်သားရှားပါးမှုကို ရင်ဆိုင်ဖြေရှင်း နေရပြီဖြစ်သည်။ ထို ကဲ့သို့ဖြစ်နေရခြင်းမှာ မိသားစု စားဝတ်နေရေး အဆင်မပြေ ၍ အလုပ်အကိုင် အခွင့်အလမ်း ပေါများ သည့် မြို့ကြီးပြကြီး များကို ပြောင်းရွှေ့သွားလာနေထိုင်ခြင်း၊ ပြည်ပနိုင်ငံများ သို့ သွားရောက်၍ အလုပ်လုပ်ကိုင်ခြင်းတို့ဖြစ်သည်။ အကြောင်းမှာ ကျေးလက်ဒေသနှင့် မြို့ကြီးပြကြီးတို့ အကြား ကွာဟချက်မြင့်မားလာမှုများကြောင့် ဖြစ်သည်။ လယ်ယာလုပ်သားရှား ပါးမှုကြောင့် ကျေးလက်ဒေသ များတွင် လယ်ယာလုပ်ခမြင့်တက် လာခြင်း၊ ရာသီအချိန်မီ မဆောင် ရွက်နိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မရရှိခြင်းများကြောင့် လေလွင့်ဆုံးရှုံးမှုများခြင်း၊ သီးနှံအထွက် ကျဆင်းခြင်း စသည့်ဆိုးကျိုးများကို ရင်ဆိုင်ရမည် ဖြစ် သည်။ ထိုကဲ့သို့မဖြစ်စေရန် ကျေးလက် ဒေသများရှိ ပြည်သူများလည်း ဘိုနေမြဲကျားနေမြဲရှိစေရန် လယ်ယာ ကဏ္ဍကို ရင်းနှီးမြှုပ်နှံ၍ လယ်ယာသီးနှံ ထုတ်ကုန်နှစ်ဆ တိုးတက်ရန် ကြံဆောင်ရမည်ဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ယင်းလိုအပ်ချက်များကို အစားထိုးဖြည့် ဆည်းနိုင်ရေးအတွက် လယ်ယာသုံး စက်ကိရိယာများ တိုးတက်သုံးစွဲနိုင်ရေးကို တွန်းအားပေး၍ ဆောင်ရွက် လျက်ရှိသည်။ ထိုအပြင် စားနပ်ရိက္ခာထုတ်လုပ်မှု အပိုင်း တွင် တစ်ဦးတစ်ယောက်ချင်းလုပ်ကိုင်ခြင်းထက် အစုအဖွဲ့ လိုက် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် စိုက်ပျိုးရေး သမ ဝါယမအသင်းများတည်ထောင်ပေး၍ သမဝါယမ အသင်း အလိုက် ချေးငွေများကို လည်း စီမံဆောင်ရွက်ပေးလျက်ရှိ သည်။ တောင်သူလယ်သမားများအနေဖြင့် လယ်ယာ သုံး စက်ကိရိယာများကို ဈေးနှုန်းသင့်တင့်စွာဖြင့် အရစ်ကျ ချေးငွေနှင့်ဝယ်ယူနိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီ များ၊ ဘဏ် များ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ ကြောင်း သိရသည်။
နှစ်စဉ်ရင်ဆိုင်နေရသော ရာသီဥတု ပြောင်းလဲမှုဖြစ် စဉ်များအရ ရေကြီးရေလျှံ၍ သီးနှံများထိခိုက် ပျက်စီးမှုကို ကာကွယ်နိုင်ရန် ရေဘေးကာကွယ်ရေးတာတမံများ၊ ဆည် တမံများနှင့်ရေနုတ် မြောင်းများကို တည်ဆောက်ပြုပြင် ပေးခဲ့သည်။ သီးနှံထုတ်လုပ်မှု စွမ်းအား တိုးတက်ထုတ်လုပ် နိုင်ရန်နှင့် စက်မှုလယ်ယာစနစ် ထွန်းကားလာစေရန် အတွက် စနစ်ကျလယ်ယာမြေ ဖော်ထုတ် ရေးနှင့် လယ်ယာ မြေဝန်ဆောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ သာမက လယ်ယာမြေ အထောက်အကူပြုဝန်ဆောင်မှု သမဝါယမအဖွဲ့များနှင့်လည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် သောက်သုံးရေရရှိရေး၊ ကျေးလက်လမ်းတံတားနှင့် မီးလင်း ရေးလုပ်ငန်းများကို နိုင်ငံတော် ဘဏ္ဍာငွေအပါအဝင် ပြည်ပအထောက်အပံ့များ၊ အလှူရှင်များ၏ လှူဒါန်းမှု များဖြင့်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။
အသားနှင့် ငါးထုတ်လုပ်မှု တိုးတက်ရေး၊ ဘေး အန္တရာယ်ကင်းစင်သော အစားအစာများ ရရှိရေး အတွက် နည်းစနစ်ကောင်းများ ကျင့်သုံးရေး၊ ပိုးမွှားရောဂါထိန်း ချုပ်ရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးလုပ်ငန်း များကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
▲ မျှော်မှန်းချက်ပန်းတိုင် ▲
သို့ပါ၍ အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင် စွမ်းရှိသည့် ရေ ရှည်တည်တံ့သော လယ်ယာ ထုတ်ကုန်စနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရ ပြည့်၀စေပြီး ကျေးလက် နေပြည် သူများ၏ လူမှုဘ၀ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်ဟူသော မျှော်မှန်းချက်ပန်းတိုင် ကို ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ ယခုနှစ်၏ ကမ္ဘာ့စားနပ်ရိက္ခာနေ့ကြီး၏ ဆောင်ပုဒ်ဖြစ် သော Our Actions are Our Future, Healthy Diets for a Zero Hunger World နှင့်အညီ ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကျင်းပသွားမည်ဖြစ်သည်။
သို့ပါ၍ ကမ္ဘာ့လူဦးရေ ၇ ဒဿမ ၇ ဘီလီယံအတွက် စားနပ်ရိက္ခာ တိုးတက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ကြရင်း တစ်ဖက်ကလည်း ဘေးကင်းပြီး အာဟာရပြည့်ဝသည့် အစားအစာ မျိုးစုံ ပိုမိုစားသုံး လာနိုင်ရန် မိမိတို့အားလုံး ကြိုးပမ်းကြမှသာ ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် Our Actions are Our Future, Healthy Diets for a Zero Hunger World နှင့်အညီ ငတ်မွတ်မှုကင်းစင်ပြီး သာယာဝပြောစည်ပင်သည့် ကမ္ဘာကြီးအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည့်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူအားလုံးတို့က ကိုယ်စီတာဝန်ကို လက်တွဲညီညီ ထမ်းဆောင်ကြပြီး နိုင်ငံတော်၏ လယ်ယာ ကဏ္ဍကို ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်ပေးရင်း သာယာ၀ပြော စည်ပင်သည့် ကမ္ဘာကြီးအဖြစ် ရပ်တည်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြပါစို့။ ။
သန်းဦး(လေးမျက်နှာ)

No comments:

Post a Comment