Monday, October 21, 2019

အရာထမ်း အခြေခံသင်တန်း အမှတ်စဉ် (၂၁၁) သင်တန်းဖွင့်


နေပြည်တော် အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အုန်းတောခန်းမတွင် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၁၁) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်(ကိုယ်စား) ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်းတက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

ယင်းသင်တန်းဖွင့်ပွဲသို့ ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်း အခြေခံသင်တန်း အမှတ်စဉ် (၂၁၁) သို့ တက်ရောက်ကြမည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးအရာရှိ အဆင့်ရှိ သင်တန်းသား (၇၁)ဦး၊ သင်တန်းသူ(၇၅)ဦး၊ စုစုပေါင်း(၁၄၆)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တ (၁၂) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment