နေပြည်တော် အောက်တိုဘာ ၂၈
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်သည်
ယနေ့နံနက်ပိုင်းတွင် ရွှေသံလွင် ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော
ဘုရားကြီး-ကျိုက်ထို လမ်းအပိုင်း အခြေအနေတို့ကို လမ်းတစ်လျှောက်
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထိုမြို့ရှောင်လမ်း အပိုင်းသို့ ရောက်ရှိပြီး လမ်းဉီးစီး ဌာနမှ တာဝန်ရှိသူက ပဲခူး-ကျိုက်ထို အမြန်လမ်းသစ် စီမံကိန်းနှင့် ပတ်သက်၍ မြေပုံ ကားချုပ်ဖြင့် ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဉီးအုန်းလွင်က ဖြည့်စွက်ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါမြို့ရှောင်လမ်း ပေါ်တွင် တံတားဉီးစီးဌာန၊ တံတား အထူးအဖွဲ့ (၁၀) မှ တည်ဆောက် နေသော ကဒက်ချောင်းတံတား တည်ဆောက်နေမှုတို့အား ကြည့်ရှု စစ်ဆေး သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကျိုက်ထို-မော်လမြိုင် လမ်းအခြေအနေနှင့် အဆိုပါလမ်းပေါ်ရှိ ဘီးလင်းတံတား ကြံ့ခိုင်မှု၊ တံတားသစ် တည်ဆောက်မည့် လျာထားနေရာ အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဉီးစီးဌာနမှ ဆောင်ရွက်သော ကျွဲခြံ-အလှပ်လမ်း ကတ္တရာလမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကျွဲခြံ-အလှပ်လမ်းသည် အရှည် (၈) မိုင် (၁) ဖာလုံကျော်ရှိပြီး ဘုရားကြီး-ကျိုက်ထို-သထုံ- မော်လမြိုင် လမ်းမကြီးနှင့် ချိတ်ဆက် သွားလာနိုင်ပြီး ကျေးလက်ဒေသ ထုတ်ကုန်များကို မြို့ပြသို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်သလို အဆိုပါ လမ်းကိုအသုံးပြုသော ကျေးရွာ (၂၀) ရွာ၊ အိမ်ခြေ (၃၄၆၇) အိမ်၊ လူဉီးရေ (၂၁၉၀၄) ဉီးတို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ တရားလွှတ်တော် (၂၄၀'x၂၄၀') RC (၃) ထပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် အင်ဂျင်နီယာချုပ် ဦးမျိုးမြင့်က တရားလွှတ်တော် (၂၄၀'x၂၄၀') RC (၃) ထပ်ဆောင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်မြို့၊ သမိုင်းဝင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီးရှိ ရင်ပြင်တော်နှင့် မြေသားနံရံ ပြိုကျပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment