Monday, October 28, 2019

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရွှေတောင်မြို့နှင့် မကွေးမြို့တို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများနှင့် ဓာတ်အားခွဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော် အောက်တိုဘာ ၂၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ ရွှေတောင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဝင်း အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မှာကြား
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်စက်ရုံ Switch Yard အတွင်းရှိ တောင်တွင်းကြီး -ရွှေတောင် ၂၃၀ ကေဗွီ double circuit ဓာတ်အားလိုင်း၊ Tower တိုင်အမှတ် (၄၂၉) မြေထိန်းနံရံများ မိုးရေတိုက်စားမှုကြောင့် မြေသားများပြိုကျနေခြင်းကို ကျောက်စီ သံခြင်းများဖြင့် မြေထိန်းနံရံ ပြုလုပ်နေမှုနှင့် ရွှေတောင်ဓာတ်အားပေး စက်ရုံ ၂၃၀ ကေဗွီ Extension Switch Yard Retaining Wall အနက်ပေ ၃၀၀ ခန့် နိမ့်ကျနေခြင်းကို ကြမ်းခင်း များ ပြုပြင်ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ၆၆/၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ပြည်ဓာတ်အားခွဲရုံ ၊ မကွေးတိုင်း ဒေသကြီး အောင်လံမြို့ရှိ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၊ ဆင်ပေါင် ဝဲမြို့နယ်ရှိ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ များသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံများအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မကွေးတိုင်းဒေသကြီး မကွေးမြို့ ၁၃၂ ကေဗွီ မကွေးပင်မ ဓာတ်အားခွဲရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၆၆ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အား ခွဲရုံတွင် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ၃၃ ကေဗွီ Switch Bay တည် ဆောက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment