Thursday, October 31, 2019

ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပမည်


နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အစဉ်ထာဝရငြိမ်းချမ်းစေရေး အတွက် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက အမှူးပြုသော စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓဘိသေကအနေကဇာ တင်လှူပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို (တန်ဆောင်မုန်း လပြည့်နေ့) နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီ မိနစ် ၂၀ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနား ကျင်းပနေမှုများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက် ကြည်ညိုပူဇော်လိုသည့် အလှူရှင်များအနေဖြင့် ယာဉ်ဝင်ခွင့်နှင့် ရင်ထိုးတံဆိပ်များကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဖုန်း-၀၆၇ ၃၄၀၆၂၈၊ ၀၆၇- ၃၄၀၆၁၅၇ သို့ ဆက်သွယ်ပြီး နိုဝင်ဘာ ၇၊ ၈၊ ၉ ရက်နေ့တို့တွင် ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ထားသည်။
မောင်လူမော်

No comments:

Post a Comment