Thursday, October 31, 2019

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၃၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် စင်ကာပူနိုင်ငံ Marina Bay Sands Hotel တွင် အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ်နှင့် ဆက်စပ် အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ အစည်းအဝေးများ ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ပြစ်သစ်နိုင်ငံ အခြေစိုက် EDF ကုမ္ပဏီ၏ Group Senior Executive Vice President, Ms. Marianne Laigneau နှင့် တွေ့ဆုံ၍ လက်ရှိ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နေမှုနှင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment