ရန်ကုန် အောက်တိုဘာ ၁၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက် ပိုင်းတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊
ရန်ကုန်၌ အောက်တိုဘာ (၁၇) ရက်မှ (၁၉) ရက်အထိ
လာအိုနိုင်ငံတွင် ကျင်းပမည့်
မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံ များ၏ (၁၁) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာပြည်သူ့ကျန်းမာရေးညီလာခံ (11th International Conference on Public Health among
Greater Mekong Sub-Region Countries) သိုတက်ရောက်မည့် ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်၊ ဆေးတက္ကသိုလ်များမှ
ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ ဌာနများနှင့်
အခြေခံကျန်းမာရေး တက္ကသိုလ်တို့မှ ဆရာ၊
ဆရာမများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနတို့မှ ပညာရှင်များ၊ အားတွေ့ဆုံ၍မှာကြားသည်။
အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဝန်ကြီးဌာနမှ ပညာရှင်များ အနေဖြင့်
နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးညီလာခံသို့
တက်ရောက်၍ မိမိတို့၏ သုတေသနစာတမ်းများ ဖတ်ကြား ခြင်းနှင့် သုတေသန ပိုစတာများတင်ပြခြင်း၊
အခြားနိုင်ငံများမှ ပညာရှင်များမှ ဖတ်ကြား သည့်
သုတေသနစာတမ်းများနှင့် သုတေသနပိုစတာများကို
လေ့လာနိုင်မည်ဖြစ် သည့်အတွက် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး ကဏ္ဍအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊
အခြားနိုင်ငံများ၏ သုတေသန
ဆောင်ရွက်မှုနည်းလမ်းနှင့် နည်းစနစ်များကိုလေ့လာသိရှိနိုင် မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံ တကာမှ ပညာရှင်များ၊
အဖွဲ့အစည်းများနှင့် ကွန်ရက်ချိတ်
ဆက်မှုကို လည်းပိုမို ကောင်းမွန်စေ နိုင်မည်ဖြစ်ပါ ကြောင်း၊ထို့အပြင် ညီလာခံ ပထမနေ့
ဆွေးနွေးပွဲတွင်နိုင်ငံတကာတက္ကသိုလ်များမှ
ပါမောက္ခချုပ်နှင့် တာဝန်ရှိသူ များကသင်ကြားသင်ယူမှုနည်းစနစ်များ၊ တတ်မြောက်မှုစစ်ဆေးခြင်း နည်းစနစ်များနှင့် ပတ်သက်၍
ဆွေးနွေးသွား မည်ဖြစ်သဖြင့်
မိမိတို့နိုင်ငံအတွက် အကျိုးရှိစေ မည်ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနမှ
ပညာရှင်များအနေဖြင့်ထိုသို့နိုင်ငံတကာအတွေ့အကြုံများကိုအခြေခံ၍ မိမိတို့နိုင်ငံ ၏ သုတေသနလုပ်ငန်များနှင့်
ပြည်သူ့ကျန်း မာရေးလုပ်ငန်းများ
တွင်ပြန်လည်အသုံးချ၍ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ယခုညီလာခံနှင့် သုတေသနစာတမ်းဖတ်ပွဲမှ အတွေ့ အကြုံများကိုမိမိတို့
တာဝန်ကျရာတက္ကသိုလ်နှင့် ဌာနများတွင်
ပြန်လည်ဝေမျှစေလိုပါကြောင်း၊
ဆေးသုတေသနဦးစီးဌာန
(ပြင်ဦးလွင်) တွင် ပုံမှန်ပြုလုပ်လျက်ရှိသည့် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်းများတွင်လည်း စိတ်ပါ ဝင်စားသည့်
ဝန်ထမ်းများ တက်ရောက်နိုင် ပါ ကြောင်း၊
ဝန်ကြီးဌာနမှ ပညာရှင်များအနေဖြင့်
အင်္ဂလိပ်ဘာသာကိုပိုမိုကျွမ်းကျင်မှုရှိစေရေး လေ့လာ ကြစေလိုပါကြောင်း၊ ကုသမှုကုထုံးဆိုင်ရာ သုတေသနများကိုလည်း ပိုမို
သင်ကြားခြင်း နှင့်သုတေသနပြုလုပ်ဆောင်ရွက်သွားစေလိုပါကြောင်း၊
ဝန်ကြီးဌာနရှိ
ဦးစီးဌာနအသီးသီး၊ တက္ကသိုလ်အသီးသီးမှ ထုတ်ဝေ လျက်ရှိသော သုတေသန ဆိုင်ရာ ဂျာနယ်များကို စာရင်းပြုစု၍ ဝန်ကြီးဌာနမှ သုတေသနပညာ
ရှင်များအားလုံး သိရှိစေ
ရေးဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများကို ဆက်လက်ပံ့ပိုးဆောင် ရွက်သွားမည်ဖြစ်ပါ
ကြောင်း ပြောကြားသည်။
ထို့နောက် ညီလာခံနှင့် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်မည့် သူများက စာတမ်းဖတ်ပွဲတွင် ဖတ်ကြားမည့်
သုတေသနခေါင်းစဉ်၊ ပြသမည့် ပိုစတာနှင့်
အကြောင်းအရာများကိုလည်း ကောင်း စာတမ်းဖတ် ပွဲမှ ရရှိနိုင်မည့် အတွေ့အကြုံများနှင့် ပြန်လည်အသုံးချနိုင်မှု တို့ကိုလည်းကောင်း တစ်ဦးချင်း
တင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူ များကပြန်လည် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ
မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေး ညီလာခံကိုImproving Health Equities Among Greater Mekong
Sub-Region Countries: A Public Health Challenge ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်၊
မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိပြည်သူ့ကျန်းမာရေးဆိုင်ရာ
တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ သုတေသနပညာရှင်များ
တက်ရောက်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံ ကိုယ်စား လှယ်အဖွဲ့ကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာ လှလှဝင်းက
ဦးဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment