Friday, October 18, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၁၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာ နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကိုရီးယားနိုင်ငံရှိ မြန်မာအလုပ်သမားများ မိသားစုထံသို့ ငွေလွှဲပို့ရေး၊ မြန်မာနိုင်ငံမှ ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးနှင့် အလုပ်သမားဦးရေ တိုးမြှင့် ခေါ်ယူနိုင်ရေး၊ EPS စာမေးပွဲများ ပိုမိုကျင်းပနိုင်ရေး၊ ရန်ကုန်မြို့ နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ ကိုရီးယားနိုင်ငံသား ကျောင်းသားများအတွက် ဗီဇာသက်တမ်း(၁)နှစ်ရရှိရေး၊ EPS Center တွင် ကိုရီးယားနိုင်ငံသား လက်ထောက်တစ်ဦး ထပ်မံခန့်ထားနိုင်ရေး၊ မြန်မာနိုင်ငံရှိ ကိုရီးယား အထည်ချုပ် လုပ်ငန်းများတွင် တွေ့ကြုံနေရသည့် အလုပ်သမား ရေးရာ ကိစ္စရပ်များကို ဝန်ကြီးဌာန၊ ကိုရီးယားသမ္မတနိုင်ငံသံရုံး နှင့် ဒေသအာဏာပိုင်များ ပူးပေါင်း၍ ယခုနှစ်အတွင်း Seminar တစ်ခု ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment