Friday, September 13, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu နှင့်တွေ့ဆုံဆွေးနွေး




နေပြည်တော်စက်တင်ဘာ ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့ နံနက် ၁၀နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ Under Secretary and External Economic Relations ဦးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ လာရောက်မည့် ခရီးစဉ် အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင် မည့် အလားအလာများအား ဆွေးနွေးကြသည်။

ဖင်လန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများကို အဓိက ကူညီပေးလျှက်ရှိပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည် သုံးစွမ်းအင်၊ ဇီဝဒြပ်ထု စွမ်းအင်၊ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်ခြင်း လုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စ ရပ်များနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment