နေပြည်တော်၊ စက်တင်ဘာ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေး
များဆိုင်ရာ ဆပ်ကော်မတီ အစည်း အဝေး ကို ယနေ့နံနက် ၉ နာရီတွင် ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး
ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ယနေ့ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေး
များဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးတွင် ဆပ်ကော်မတီအသီး သီးဖွဲ့စည်းထားရှိမှုများအား
ဖြည့်စွက်အကြံပြုဆွေးနွေးပေးကြပါရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့် ဦးစားပေး လုပ်ငန်းစဉ်များအား
အကောင်အထည်ဖော်ဆောင် ရွက်ရန် လိုပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့်
မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ
တင်ပြခဲ့သည့် အချက်များအပေါ် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်တို့ကို ရှေ့လုပ်ငန်းစဉ်များ
အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊
မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် NGO,
INGO အားလုံးပူးပေါင်းပါဝင်မည့် ဆပ်ကော်မတီများက လက်တွဲဆောင်ရွက်ပေးစေလိုပါကြောင်း၊
ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား အောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့်
မသန်စွမ်းအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ပေးစေ လိုပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာသူများမှ
ဆပ်ကော်မတီအလိုက် ဖွဲ့စည်းမည့် ကော်မတီဝင်အမည်များနှင့် တာဝန်ယူ ဆောင်ရွက်မည့် အခြေအနေ
များအား အကြံပြုဆွေးနွေးခဲ့ ကြသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ
နိဂုံးချုပ် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ဌာနဆိုင်ရာအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ
အသင်းချုပ်မှ အထွေထွေအတွင်း ရေးမှူးနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment