Friday, September 13, 2019

မြန်မာနိုင်ငံ သစ်တောကဏ္ဍရဲ့ သစ်တောမီးလောင်မှု ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းတွေမှာ အထောက်အကူ ပြုနိုင်ဖို့ မီးသတ်ယာဉ်တွေ လာရောက်လှူဒါန်းတာပါ Minister Mr. Kim Jae Hyun(Korea Forest Service)



Korea Forest Service and Asian Forest Cooperation Organization (AFoCO) မှ မီးသတ်ယာဉ်နှင့် ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို ယခုကဲ့သို့ ဖော်ပြလိုက်ပါသည်။

▲▲Korea Forest Service မှ Minister Mr. Kim Jae Hyun▲▲
မြန်မာနိုင်ငံ သစ်တောကဏ္ဍရဲ့ သစ်တောမီးလောင်မှု ထိန်းသိမ်းကာကွယ် ခြင်းလုပ် ငန်းတွေမှာ အထောက်အကူပြု နိုင်စေဖို့ မီးသတ်ယာဉ်တွေကို လာရောက် လှူဒါန်းရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့အတူ ရှေ့ဆက်ပြီး Korea Forest Service and Asian Forest Cooperation Organization နဲ့ ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ သဘာ၀ဘေးအန္တရာယ် စီမံကိန်းလုပ်ငန်းတွေကို ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
▲▲Korea Forest Service မှ Secretary to the KSF Minister Mr.Bang Jaeil▲▲
AFoCO အနေနဲ့ မြန်မာနိုင်ငံမှာ သင်တန်းကျောင်းတွေ အပြင် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းတွေကို ဆောင်ရွက်နေပါတယ်။ ၂၀၁၉-၂၀၂၀ အတွင်း ပဲခူးရိုးမရှိ ကျွန်းနဲ့ပတ်သက်တဲ့ ဖျက်ပိုးတွေကို လေ့လာမယ့် သုတေသန စီမံကိန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍများ စိမ်းလန်းစိုပြည်ရေး လုပ်ငန်း တွေကို အထောက်အကူ ဖြစ်စေဖို့ နည်းလမ်းသစ်တွေနဲ့ အကြံဉာဏ်ကောင်းတွေ ပေါ်ထွက်လာဖို့ ဖိတ်ခေါ်အစည်းအဝေးတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
▲▲သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း▲▲
ယခုအခမ်းအနားက ကိုရီးယား သစ်တောဌာနမှ မြန်မာနိုင်ငံသစ်တောဌာနသို့ မီးသတ်ယာဉ် လေးစီးနဲ့ ကွန်ပျူတာ ၂၄ လုံး လှူဒါန်းတဲ့ အခမ်းအနား ဖြစ်ပါတယ်။ မီးသတ်ယာဉ်တွေကို သစ်တော ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ တောမီးလောင် ကျွမ်းရာတွင် မီးငြှိမ်းသတ်မယ့်နေရာတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်းကို ၁၀ နှစ်စီမံကိန်းနဲ့ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ပွင့်လင်းရာသီ၊ ခြောက်သွေ့ရာသီရောက်တဲ့အချိန်မှာ တောမီးအန္တရာယ် စိုးရိမ်ရပါတယ်။ တောမီးအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အပိုင်း နှစ်ပိုင်းရှိပါတယ်။
ပထမအပိုင်းအနေနဲ့ ပြန်လည်စိုက်ပျိုးထားတဲ့ သစ်တော စိုက်ခင်းတွေ၊ သစ်တောဦးစီးဌာနက ဆောင်ရွက်နေတဲ့ သစ်တောလုပ်ငန်းတွေ၊ ဧရိယာတွေကို တောမီးကာကွယ်ရေး ဆောင်ရွက်သလို သဘာ၀သစ်တောတွေကိုလည်း ထိန်းသိမ်း ကာကွယ်တဲ့အပိုင်း ဖြစ်ပါတယ်။
ဒုတိယအပိုင်းအနေနဲ့ နိုင်ငံတော် ဘဏ္ဍာငွေနဲ့ အကုန်အကျခံပြီး ပြုစုပျိုး ထောင်ထားတဲ့ စိုက်ခင်းတွေ ဖြစ်တဲ့အတွက် ငါးနှစ်သားအရွယ်အထိ မီးဘေးကာကွယ်ခြင်း လုပ်ငန်းကို တောမီးများ မဝင်နိုင်ဖို့ မီးတားလမ်းတွေ ဖောက်လုပ်ခြင်း၊ မီးစောင့်တဲတွေ ဆောက်လုပ်ခြင်း၊ မီးစောင့်လုပ်သားတွေ ငှားရမ်းခြင်း၊ ပညာပေး ဟောပြောပွဲတွေ ပြုလုပ်ပြီး ပိုမို ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မီးသတ်ပစ္စည်းတွေ မပြည့်စုံခြင်း စတဲ့အခက်အခဲတွေရှိတဲ့ အတွက် သဘာ၀ သစ်တောတွေကို တောမီး မလောင်ကျွမ်းစေဖို့ ကာကွယ် စောင့်ရှောက်ရတဲ့ အပိုင်းက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ခြောက်သွေ့ရာသီကစပြီး နိုင်ငံအတွင်းက သဘာ၀သစ်တော တွေရဲ့ တောမီး ကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် တောမီးထိန်းသိမ်း ကာကွယ်ရေးစခန်းတွေကို တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
သျှားထက်(ဓာတု)
ဓာတ်ပုံ - သတင်းအဖွဲ့

No comments:

Post a Comment