Thursday, September 12, 2019

ပြည်ထောင်စုရှေ့နေချုပ် ဉီးထွန်းထွန်းဉီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အခြေစိုက် Hague Conference on Private International Law (HCCH) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရုံးခွဲမှ အတွင်းရေးမှူးချုပ် Dr. Christophe Bernasconi အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသအခြေစိုက် Hague Conference on Private International Law(HCCH)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရုံးခွဲမှ အတွင်းရေးမှူးချုပ် Dr. Christophe Bernasconiနှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်၁၀ နာရီခွဲတွင် ပြည်ထောင် စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အထောက်အကူပြုမည်ဖြစ်သော ပုဂ္ဂလိက အပြည်ပြည်ဆိုင်ရာဥပဒေ (Private International Law)နှင့် စပ်လျဉ်းသည့်ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ တရားမနှင့် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ တရားစွဲဆိုခြင်းတို့နှင့် စပ်လျဉ်းသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် HCCH နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ အကြား ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စ၊ HCCH သဘောတူစာချုပ်များသို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့် စပ်လျဉ်း သည့် သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment