Thursday, September 12, 2019

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီးတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၁၂
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu အား ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ဖင်လန် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ်များ စီမံခန့်ခွဲရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ နှစ်နိုင်ငံ ဆွေးနွေးပွဲများ နှစ်စဉ် ကျင်းပလိုခြင်း ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment