ပြည်သူ့လွှတ်တော်
ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Edmond Efendija (Senior Legislative
Strengthening Adviser) ဦးဆောင်သော National Democratic Institute (NDI) အဖွဲ့အား ယနေ့မွန်းလွဲ
၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌
လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် NDI အနေဖြင့်
လွှတ်တော်ဆိုင်ရာ နည်းဥပဒေများစိစစ်သုံးသပ်ခြင်း ဆွေးနွေးမှုစာတမ်း နှင့်စပ်လျဉ်းသည့်
ကိစ္စရပ်များ၊ ဥပဒေပြုရေးစောင့်ကြည့်ခြင်းနှင့် ကိုယ်စားပြုခြင်းဆိုင်ရာကိစ္စရပ် များတွင်
ကူညီပံ့ပိုးသွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာလွှတ်တော် မဟာဗျူဟာစီမံကိန်း
၂၀၁၉-၂၀၂၀ တွင်လည်း NDI အနေဖြင့် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊
လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာ မြင့်သိန်း၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ဝင် ဦးတင်အောင်ချိုနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment