ရန်ကုန် စက်တင်ဘာ ၁၂
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ပထမ ဦးဆုံးအကြိမ် လက်ခံကျင်းပမည့်
ပထမအကြိမ် အာဆီယံ ကင်းထောက် လူငယ်များဖိုရမ် (ASEAN Scout Youth Forum 2019)
တက်ရောက်ရန် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ ကင်းထောက် လူငယ်
မထက်ထက်လင်းစံ၊ မမေသူ ထက်၊ မနန်းဖူးမြတ်သီရိလှိုင်နှင့် မောင်ဇွဲခေါင်တေဇာ
တို့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ
စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့
အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ နိုင်ငံတကာရေးရာ ညှိနှိုင်းရေးမှူး
ဦးကောင်းမြတ်ထူး၊ လူငယ်ညှိနှိုင်းရေးမှူး ဦးဖြိုးသူရဝင်း နှင့်
ကင်းထောက်လူငယ်ကိုယ်စား လှယ်များ၏ ကျောင်းများမှ ဆရာ ဆရာမများ၊
မိသားစုများက မင်္ဂလာဒုံ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
ကျင်းပမည်
ပထမအကြိမ် အာဆီယံ ကင်းထောက်လူငယ်များဖိုရမ်ကို စင်ကာပူနိုင်ငံ The Raffles H Institution တွင် စက် တင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည် ဖြစ်ရာ အာဆီယံဒေသတွင်း ကင်းထောက် လူငယ်များ အကြား လူမှုအကျိုးပြု လုပ်ငန်းများတွင် ပိုမို ပါဝင်လာနိုင်စေရေးကို ရှေးရှု၍ Young People & Community Involvement ခေါင်းစဉ်ဖြင့် ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment