နေပြည်တော်၊ စက်တင်ဘာ ၁၁
ပြည်ထောင်စုလွှတ်တော်
ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာသော ၂၀၁၉ ခုနှစ်၊
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁
နာရီတွင် ပြည်ထောင်စု လွှတ်တော်D ဆောင်၊ ဒုတိယ ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့်
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ စီးပွားရေးနှင့်ကူးသန်း
ရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဥပဒေကြမ်း
ပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်း ရေးမှူးနှင့်ကော်မတီဝင်များ၊
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊
ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြင်ဆင်
ချက် အဆိုတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်
ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ်မှ လုပ်ငန်းရှင်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment