နေပြည်တော် စက်တင်ဘာ ၁၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းသည် မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး
Mr. Daniel Patrick Chugg နှင့် ယနေ့မွန်းလွဲ
၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဗြိတိန်နှစ်နိုင်ငံ
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်သည့်
အသက်အာမခံလုပ်ငန်းနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာအခွင့်အလမ်းများ၊
Project Bank နှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဆိုင်ရာ
ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment