Wednesday, September 11, 2019

မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ တည်ထောင်ရေးဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့ ပထမအကြိမ် အစည်းအဝေးကျင်းပ




နေပြည်တော် စက်တင်ဘာ ၁၀

မြန်မာ- တရုတ် စီးပွားရေးစင်္ကြံ တည်ထောင်ရေးဆိုင်ရာသယ်ယူ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။ အစည်းအဝေးတွင် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံအောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တက်ရောက်

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်နှင့် လုပ်ငန်းအဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာရှန်ဟောင်ဂျန်၊ တရုတ်နိုင်ငံ ရထားပို့ဆောင်ရေး ဦးစီးဌာန၊ ယူနန်ပြည်နယ် ပို့ဆောင်ရေးဦးစီးဌာန၊ ယူနန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment