နေပြည်တော် စက်တင်ဘာ ၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံ ကော်ဖီအသင်းနာယက ဦးရဲမြင့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီများကို ဂျပန်နှင့် အင်္ဂလန်နိုင်ငံ စျေးကွက်များသို့ တိုက်ရိုက်ချိတ်ဆက် တင်ပို့ရောင်းချနေမှု၊ ရှမ်းပြည်နယ် ရွာငံဒေသတွင် အဆင့်မြင့် ကော်ဖီများ ထုတ်လုပ် တင်ပို့နိုင်ရေး ဆောင်ရွက်နေမှု၊ ချင်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့် ကော်ဖီ ထွက်ကုန်များအား စျေးကွက် ရှာဖွေတင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်နေမှုနှင့် မြန်မာ့ ကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှုကို အားပေးမြှင့်တင် သွားနိုင်ရေး ဆိုင်ရာများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment