နေပြည်တော် စက်တင်ဘာ ၁၂
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀
နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က
နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော ကချင်ပြည်နယ်နှင့်
ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ
တိုးချဲ့ပြင်ဆင်ဖွဲ့ စည်းခြင်း၊ ပယ်ဖျက် ခြင်းနှင့်
အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်း
တင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း
ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွှန့် က လွှတ်တော်နှစ်ရပ် ကွဲလွဲသော ၂၀၁၉
ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း
ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို
ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ
ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်
လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း
ကြေညာသည်။
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏
ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရငွေသုံးငွေ
ဆိုင်ရာများကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ
ဦးအောင်မင်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင် သွင်းပြီး
ပြည်ထောင်စုလွှတ်တော် နာယက က သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်
အဖွဲ့အစည်းဝင်များ၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ
အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေအကြောင်းအရာများကို ဥပဒေကြမ်း
ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်း က တစ်ပိုဒ်ချင်းစီ အလိုက်
အဆိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူ
အတည်ပြု သည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၁
အပိုဒ်ခွဲ(က) နှင့်အညီ ပြည်ထောင် စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်
ထားသည့်အတိုင်း ပြင်ဆင်ထားသည့် ၂၀၁၉ - ၂၀၂ဝခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏
ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြည်ထောင်စုလွှတ်တော်က
အတည်ပြုပေးနိုင်ပါရန် တင်သွင်းအပ် ပါကြောင်း ပြောကြားသည်။
ယင်းနောက်
ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က
ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန်
လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောတူသည့် အတွက် အတည် ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍
လွှတ်တော် ကိုယ်စားလှယ်များ၏ မူသဘော ဆွေးနွေးချက်များအပေါ်
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးလှကျော် က ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေကြမ်းပါ အခန်း(၆)
ကုန်သွယ် လုပ်ငန်းခွန် အခန်း၊ အပိုဒ် (၁၄)၊ အပိုဒ်ခွဲ(က) စားသောက်
ကုန်စည်များ ဇယားအမှတ် စဉ်(၈)တွင် ဖော်ပြပါရှိသည့် ကြံ၊ သကြား၊ ထန်းလျှက်၊
ကြံသကာ၊ နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မုန့်အမျိုးမျိုး၊ ပဲနို့ဟူသည့်
ဖော်ပြချက်နှင့် စပ်လျဉ်း၍ ကယားပြည်နယ် ရှားတောမဲ ဆန္ဒနယ်မှ
ဒေါ်ဝင့်ဝါထွန်းနှင့် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး တို့မှ
ဆွေးနွေးသွားမှုရှိပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်၂ ဦး၏
ဆွေးနွေးမှုနှင့်အညီ ပြင်ဆင်ဖော်ပြ သင့်သည့် နို့နှင့်
နို့ထွက်ပစ္စည်းအမျိုးမျိုး ဖော်ပြချက်သည် ဥပဒေကြမ်းတွင်ပါရှိသည့်
နို့နှင့်စပ်လျဉ်း သည့် စားသောက်ကုန်များအတွက် အဓိပ္ပာယ်
ပေါ်လွင်စေသောကြောင့် သင့်လျော်မှ ရှိပါကြောင်း၊ ကုန်စည်ပါဝင်မှုကို
အသေးစိတ် ဖော်ညွှန်းလိုမှု ရှိမည်ဆိုပါက နို့နှင့် နို့ထွက် ပစ္စည်း
ဆိုသည်မှာဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အား သီးခြားမှတ်ချက်ဖြင့် ဖော်ပြရန်
လိုအပ် ပါက ဥပဒေကြမ်းတွင် ထည့်သွင်းဖော်ပြသင့်ပါကြောင်း ပြန်လည် ရှင်းလင်း
ပြောကြားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဝန်ကြီးဌာန အနေဖြင့် နိုင်ငံသား အားလုံး
ပိုင်ဆိုင်ပြီး ပြန်လည် အစား ထိုးဖြစ်တည်နိုင် ခြင်းမရှိသည့် သယံဇာတများကို
အကျိုးရှိစွာ အသုံးပြုနိုင် ရေးအတွက် နိုင်ငံအတွင်းဈေးကွက်ဖြစ်ထွန်းစေရေး
အကောင်အထည်ဖော် ဆောင်ရွက် ရပါကြောင်း၊ထို့ကြောင့် နှစ်စဉ်
ရတနာပြပွဲများတွင် တင်ပြ ရောင်းချသည့် ကျောက်စိမ်း အတွဲများနှင့် စပ်လျဉ်း၍
ဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက
ဈေးကွက် အနေအထားနှင့် ဝယ်လို အားပေါ် မူတည်၍ တစ်နှစ်လျှင် နိုင်ငံခြား
ငွေဖြင့် ရောင်းချသည့် ရတနာပြပွဲ (၂) ကြိမ်နှင့် မြန်မာကျပ်ငွေဖြင့်
ရောင်းချပြပွဲ (၁) ကြိမ် ကျင်းပလျက်ရှိပါကြောင်း။
ကျောက်မျက်ရတနာများကို အရိုင်းအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်
ကုန်အချောထည် Value Added များ ထုတ်လုပ်ရောင်းချနိုင်မှသာ ကျောက်မျက်
ရတနာများနှင့် တန်ဖိုးမြှင့်ဈေးနှုန်းကို ရရှိနိုင်မည်ဖြစ်ပြီး
နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝများ
ဖွံ့ဖြိုးတိုးတက်လာ နိုင်မည်ဖြစ်ပါကြောင်း၊ ရတနာပြပွဲ များတွင်လည်း
ကျောက်စိမ်းအရိုင်းအတွဲများကို ဈေးကွက်လိုအပ်ချက်အရ ဝယ်လိုအား နှင့်
ရောင်းလိုအားအပေါ် ချိန်ညှိ၍ အတွဲအရေအတွက် ကန့်သတ် ရောင်း ချစေခြင်း၊
ကျောက်စိမ်း အချောထည် အတွဲများကို အတွဲအရေအတွက် အကန့် အသတ်မရှိ လက်ခံ
ရောင်းချခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ထို့ပြင်သက်ဆိုင်ရာ ကျောက်မျက်အသင်းများကို ပြပွဲများကျင်းပပြီး လွတ်လပ်စွာ
ရောင်းချခွင့်ပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့ကျောက်မျက် ရတနာဥပဒေပုဒ်မ
၂၂၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၄) ၊ပုဒ်မ ၂၉၊ ပုဒ်မခွဲ(ခ)၊
ပုဒ်မခွဲငယ်(၄)တို့အရ နိုင်ငံခြား သုံးငွေ နှင့်
ရောင်းချတင်ပို့ခွင့်ရှိသည့် ကျောက်မျက်ရတနာပြပွဲများကို ပြည်ထောင်စုအစိုးရ
အဖွဲ့၏ ခွင့်ပြုချက်၊ ဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့်
ကျင်းပရမည်ဖြစ်ပါကြောင်းကို ပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း၊ မြန်မာ့
ကျောက်မျက်ရတနာဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ခွဲငယ်(၃)၊ ပုဒ်မ ၂၉၊
ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၃)နှင့် ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ဇ)တို့အရ ဝန်ကြီး
ဌာနမှ ခွင့်ပြုသည့် သက်ဆိုင်ရာ ဒေသများတွင် မြန်မာ့ကျောက်မျက်ရတနာ
ရောင်းဝယ် ရေးလုပ်ငန်း၏ ကြီးကြပ်မှုနှင့် ကျောက်မျက်ပြပွဲများ
ကျင်းပရမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်မျက်ရတနာပြပွဲများကို
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီသာ ကျင်းပ
နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းဆွေးနွေးချက်များ
အပေါ် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး
နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်း
တို့က ဆက်လက် ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ
ပေးပို့ထားသော အာဆီယံဒေသအတွင်း မော်တော်ယာဉ် ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ
အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်အား မြန်မာ နိုင်ငံမှ ပါဝင်လက်မှတ်
ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ စက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန် ကြီး
ဒေါက်တာမင်းရဲပိုင်ဟိန်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြရာတွင်
အဆိုပါအစီအစဉ် ကို ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံစီးပွားရေး
အသိုက်အဝန်း(AEC) အတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရာ၌
ယုံကြည်နားလည်မှုများ ရရှိလာနိုင်ခြင်း၊ ကုန်စည်များ လွတ်လပ်စွာ
စီးဆင်းမှုနှင့်အတူ တစ်ခုတည်းသော ဈေးကွက် ဖော်ဆောင် နိုင်သော
ထုတ်လုပ်မှုဖြစ်စေခြင်း၊ အကဲဖြတ်ခြင်းရလဒ်များကို အပြန်အလှန်အသိအမှတ်
ပြုနိုင်မည်ဖြစ်ခြင်း၊ နည်းပညာဆိုင်ရာလုပ်ထုံးလုပ် နည်းများနှင့် ပတ်သက်၍
လည်း ကုန်သွယ်မှုတွင် မလိုအပ်သော အတားအဆီးများ ဖယ်ရှားနိုင်မည်ဖြစ်ခြင်း၊
အဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံနိုင်ငံများ၏ကုန်သွယ်မှုဆိုင်ရာ သဘောတူညီ
ချက်နှင့် ကမ္ဘာ့ကုန်သွယ်မှုနှင့် နည်းပညာဆိုင်ရာ အတားအဆီးကတိ ကဝတ်များကို
ဖော်ဆောင်နိုင်မည် ဖြစ်ခြင်း၊ UN စည်းမျဉ်းများ၏ နည်းပညာလိုအပ်
ချက်များနှင့် တပြေးညီ ညှိနှိုင်း ဆောင်ရွက်လာနိုင်ခြင်း၊ Regional Mutual
Arrangement ရှိပြီးဖြစ်၍ အာဆီယံပြင်ပနိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်း
ဆောင်ရွက်ရာ တွင်လည်း လွယ်ကူလာ မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ
ရရှိလာမည် ဖြစ်ပါ ကြောင်း။
ထို့ကြောင့် အာဆီယံဒေသအတွင်း
မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး
အစီအစဉ်ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး နိုင်ရေး အတွက်
စက်မှုဝန်ကြီး ဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေး ရာကော် မတီ
အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၉) နှင့်ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး
အမှတ်စဉ်(၁၇/၂၀၁၉) သို့ တင်ပြခွင့်ပြုချက် တောင်းခံခဲ့ရာ သဘောတူ ခွင့်
ပြုချက် များရရှိခဲ့ပြီးဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်မှ
အတည်ပြုချက်ရ ယူနိုင်ရေး အတွက် ဆက်လက်တင်ပြရခြင်းဖြစ်ပါကြောင်း
ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စ
နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း
တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ
ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက
လူထုဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှ
ဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန် ဒေါ်လာ ၁၈၅ သန်း ချေးငွေ ရယူရေး
ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေး ကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်းက စီမံကိန်း၏
ရည်ရွယ်ချက်မှာ ရပ်ရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားရေးအပေါ် အခြေတည်၍
ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင်ဆောင်ရွက်ခြင်းဖြင့်
ကျေးလက်နေပြည်သူ များ၏ မိသားစုဝင်ငွေတိုးပွားလာစေပြီး
လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာ၀ ဘေး အန္တရာယ်
ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းအားကောင်းလာစေရန်ဟု ပါရှိသဖြင့် အထူး
ကြိုဆိုပါကြောင်း၊ ထို့ကြောင့် အကောင်းအထည်ဖော်မည့် အဖွဲ့အစည်းသည် ဝတ္တရား
အရမဟုတ်ဘဲ အမှန်တကယ် ကျေးလက်မှ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး၊
ကျေးရွာ ထုတ်ကုန်တိုးတက်လာရေး၊ ဈေးကွက်ထုတ်ကုန် တိုးတက်ရေး၊ ဈေးကွက်
ရှာဖွေချိတ်ဆက် နိုင်အောင် နည်းပညာပေးနိုင်ခြင်း စသည်တို့ကို အမှန်တကယ်
မြေပြင် တွင် အကောင်အထည် ဖော်နိုင်အောင် ကြိုးစားပေးရန် လိုအပ်ပါကြောင်း၊
ချေးငွေဆိုသည် မှာ ကိုယ်ပိုင်ငွေ မဟုတ်သဖြင့် စိစစ်သုံး စွဲရန်
လိုအပ်သကဲ့သို့ အလွဲသုံးစားမှု၊ အဂတိ၊ ဘက်လိုက်မှုများ ကင်းရှင်းရေး၊
လုပ်ငန်း များအရည်အသွေး မီရေးတို့အတွက် ပိုပြီးလုပ် ဆောင်ရန်
လိုအပ်ပါကြောင်း ဆွေးနွေး သည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ
ဦးဝှေ့တင်းက ယခုချေးငွေသည် အတိုး နှုန်းသက်သာစွာဖြင့်
အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးယူမည်ဖြစ်သော်လည်း တစ်ချိန်ချိန် တွင်
ပြန်လည်ပေးဆပ်ရမည်ဖြစ်သည့်အတွက် အကျိုးခံစားရမည့် ကျေးရွာလူထုများသို့
ထိထိမိမိအကျိုးဖြစ်စေရန် အရေးကြီးသဖြင့် သက်ဆိုင်ရာဌာနက နည်းမှန်လမ်းမှန်
ဖြင့် ကြီးကြပ်ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊
စီမံကိန်းအကောင်အထည်ဖော် ရာတွင် ငွေကြေးဆိုင်ရာ ကိစ္စရပ်များသည်
အလေအလွင့်နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရန်လည်း တိုက်တွန်း
လိုပါကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးရေးနောက်ကျသော ဒေသများ တွင် ယခုကဲ့သို့
စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် အကောင်အထည်ဖော်မှု သည် နိုင်ငံတော်၏
ပုံရိပ်သည်လည်း ကောင်းမွန်လှပါကြောင်း၊ ထို့ကြောင့် ကျေးလက် ဒေသများအတွက်
အကျိုးကျေးဇူး များစွာရှိသည့် စီမံကိန်းဖြစ်သောကြောင့် အဆိုပါ ချေးငွေအား
ရယူသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍
ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်
အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့၊ လေရှီး မဲဆန္ဒနယ်မှ ဦးကျော်ဌေး၊ နန်းယွန်း
မဲဆန္ဒနယ်မှ ဦးဝမ်းလှ၊ ချင်း ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊
အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုနှင့် ဖာပွန် မဲဆန္ဒနယ်မှ
ဦးစောထွန်းမြအောင်တို့က ဆက်လက် ဆွေးနွေး ကြသည်။
ဒုတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄)
ရက်မြောက်နေ့ကို စက်တင်ဘာ ၁၇ရက် တွင် ဆက်လက်ကျင်းပသွား မည်ဖြစ် ကြောင်း
သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်

No comments:
Post a Comment