Wednesday, September 11, 2019

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီများလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅/၂၀၁၉) ကျင်းပ




နေပြည်တော်စက်တင်ဘာ ၁၁

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅/၂၀၁၉) ကိုယနေ့ မွန်းလွဲ၃နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စု လွှတ်တော်ဆောင်၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ၂၀၁၉ခုနှစ်၊အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဦးထွန်းအောင်() ဦးထွန်းထွန်းဟိန်၊ ကျင်းပရေးဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌဦးအေးသာအောင်နှင့် ဦးစီးကော်မတီဝင်များတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က ယနေ့အစည်းအဝေးသည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမတိုင်မီကျင်းပသည့် နောက်ဆုံးအစည်းအဝေးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများမှ ဆောင်ရွက်ထားရှိမှုများကိုယနေ့ သဘင်ဆောင်သို့ သွားရောက်ကြည့်ရှုရာတွင် လုပ်ငန်းအားလုံးနီးပါးပြီးစီးသလောက် တွေ့ရှိရပါကြောင်း၊ နောက်ဆုံးအစည်းအဝေးဖြစ်၍ ဆုံးဖြတ်ရန် ကိစ္စများကျန်ရှိသေးပါက တင်ပြဆုံးဖြတ်ကြရန် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက ယနေ့အစည်းအဝေးသည် နောက်ဆုံးအစည်းအဝေးဖြစ်၍ လုပ်ငန်းကော်မတီ ၅ ခုမှ ဆွေးနွေးဆောင်ရွက်ရန်များ ကျန်ရှိပါက တင်ပြရန် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီး စီးမှုများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများ ကဆွေးနွေးညှိနှိုင်းဆုံးဖြတ်ကြသည်။

ထို့နောက်ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကကနိဂုံးချုပ်ပြောကြားပြီးအစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)

No comments:

Post a Comment