နေပြည်တော်
စက်တင်ဘာ ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ပြီးဆုံး၍
ပြန်လည်ထွက်ခွာတော့မည့် သံတမန်များ အဖွဲ့နာယကဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ်ကြီး
Mr. Pehin Orang Kaya Seri Pahlawan Colonel (R) Dato Paduka Haji Abdu’r Rahmani
bin Dato Paduka Haji Basir နှင့် ဇနီးတို့အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ
နေအိမ်၌ လက်ခံတွေ့ဆုံ၍ နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
နေ့လယ်စာစားပွဲသို့
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီးတို့
တက်ရောက်ခဲ့ကြသည်။

No comments:
Post a Comment