နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး
မစ္စတာစကော့မာစီရယ် ဦးဆောင်သော ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ခရာ့ရှ်ယန်
စမစ်ချ်၊ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စ ကယ်ရင် အန်နီတာမက် အာသာ တို့
ပါဝင်သည့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို
လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊
ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ် တည်းဖြစ်စေရေး ဆိုသည့် စံ (၅)
ချက်နှင့်အညီ ကျင်းပနိုင်ရန် ဆောင်ရွက်နေမှု၊ ကဏ္ဍစုံမှ ပါဝင်
ပတ်သက်သူများနှင့် တွေ့ဆုံဆောင်ရွက်ခဲ့မှု ၊ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် မဲဆန္ဒရှင် စာရင်း ပြုစုနေမှု၊ နိုင်ငံရေး ပါတီများနှင့်
ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်များ ပြင်ဆင်နိုင်ရေး
ဆောင်ရွက်နေမှု၊ လူမှုကွန်ရက် (Facebook) အသုံးပြု၍ ရွေးကောက်ပွဲဆိုင်ရာ
အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ၊
ရွှေ့ပြောင်းလုပ်သားများနှင့် စစ်ဘေးရှောင် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်
မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်နေမှု ၊ ပြည်တွင်းနှင့် ပြည်ပ ရွေးကောက်ပွဲ
စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ကြားဆောင်ရွက်သွားမည့် အခြေအနေနှင့်
ရွေးကောက်ပွဲ ဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်မှုမြှင့်တင်ရေး
ကဏ္ဍတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
( သတင်းစဉ် )
No comments:
Post a Comment