Monday, September 23, 2019

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပင်မဓာတ်အားခွဲရုံ စီမံကိန်းနှင့် ပင်မဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး





နေပြည်တော် စက်တင်ဘာ ၂၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန မှ အကောင် အထည်ဖော် ဆောင်ရွက်မည့် အမရပူရမြို့နယ်ရှိ ၂၃၀ ကေဗွီဒေါင်းရွေးပင်မဓာတ်အား ခွဲရုံ စီမံကိန်းမြေနေရာ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၁၃၂ ကေဗွီတံခွန်တိုင် ပင်မဓာတ်အားခွဲ ရုံနှင့် ပုသိမ်ကြီးမြို့နယ်ရှိ ၂၃၀ ကေဗွီအောင်ပင်လယ် ပင်မ ဓာတ်အားခွဲရုံများကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် တံခွန်တိုင် ပင်မဓာတ်အားခွဲရုံအတွင်း ၁၃၂/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေထရန်စဖော်မာ အစားထိုး တပ်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပုသိမ်ကြီးမြို့နယ်ရှိ အောင်ပင်လယ် ပင်မဓာတ်အား ခွဲရုံတွင် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေထရန်စဖော်မာ တိုးချဲ့ တည်ဆောက် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
အသစ်တည်ဆောက်မည့် ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မ ဓာတ်အားခွဲရုံသည် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် ဒေါင်းရွေးကျေးရွာရှိ ထုံးဘို-မြစ်ငယ် ကားလမ်းအနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်း လုပ်ငန်းများပြီးစီးပါက ၂၃၀ ကေဗွီရွှေစာရံပင်မဓာတ်အားခွဲရုံမှတစ်ဆင့် မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများသို့ ဓာတ်အား တိုးတက်ဖြန့်ဖြူးပေး နိုင်မည့်အပြင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment