မန္တလေး စက်တင်ဘာ ၁၀
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ
သဒ္ဓမ္မဇောတိက နဝမမြောက် ဗန်းမော်ဆရာတော် ဘုရားကြီး၏ သက်တော် (၉၀) နဝရတ်ရတု
မွေးနေ့မင်္ဂလာ အထိမ်းအမှတ်နှင့် သိက္ခာထပ်ပူဇော်ပွဲကို
ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ၇၃ လမ်း၊ ၃၈×၃၉ လမ်းကြားရှိ
ဗန်းမော်ကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ဗန်းမော်ဆရာတော်ဘုရားကြီး၏ သက်တော် (၉၀) နဝရတ် ရတုမွေးနေ့မင်္ဂလာ အထိမ်းအမှတ်နှင့် သိက္ခာထပ်ပူဇော်ပွဲကို ကျင်းပကြသည်။
ယင်းနောက် ဗန်းမော်ဆရာတော် ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မိုးကုတ် သာမည စကြာတောင် ဆရာတော်က ပုံတူပြဒါးရုပ်တုအား ဗန်းမော်ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း လျှောက်ထားသည်။
ယနေ့လှူဒါန်းခဲ့သည့် ဗန်းမော်ဆရာတော်ကြီး၏ ပုံတူပြဒါးရုပ်ရှင်တုအား မော်လမြိုင်မြို့၊ သာမညမိုးကုတ် သာမညစကြာတောင်ဆရာတော် မှ ငွေကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ ပြဒါးအရည်ပိသာ ၆၅၀ ဖြင့် စီမံပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇော်မင်းလတ်-MNA

No comments:
Post a Comment