ရန်ကုန် စက်တင်ဘာ ၁၇
ကမ္ဘာလုံးဆိုင်ရာ တရုတ်ရုပ်သံပြသမှု အစီအစဉ်အရ
တရုတ်ကာတွန်း ဇာတ်လမ်းတွဲများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို
ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား ဧည့်ခန်းမ၌ ကျင်းပခဲ့သည်။
ယနေ့လွှဲပြောင်းပေးအပ်သည့် ကာတွန်းဇာတ်လမ်းတွဲ ၃
တွဲမှာ “Chess Player (ကျားကွက် လူငယ်)”၊ “Monkey King (မျောက်ဘုရင်)” ၊
“Huge Worm Park (ပိုးကောင်ကြီးဥယျာဉ်)” တို့ဖြစ်ပြီး မိတ်ဆွေအချင်းချင်း
ချစ်ခင်ရင်းနှီးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ရိုက်ကူး
ဖော်ပြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်တွင် မြန်မာဘာသာ
နောက်ခံစကားပြောဖြင့် ထုတ်လွှင့် ပြသပေးသွားမည်ဖြစ်သည်။
ယနေ့အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံတော်အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
Mr. Wang Gaofeng က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ္တညွှန်ကြားရေးမှူး
ဦးကြည်ထွန်းထံ တရုတ် ကာတွန်းဇာတ်လမ်းတွဲများကို လွှဲပြောင်း
ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment