Sunday, September 15, 2019

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၁၉) အစည်းအဝေးကျင်းပ


ရန်ကုန် စက်တင်ဘာ ၁၅
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ် ဓမ္မာရုံ၌ ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိနိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဓမ္မရောင်ခြည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒွိပိကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မ က အဖွင့် သမ္မောဒနီယ ဩဝါဒကထာမြွက်ကြားပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။
ထို့နောက် ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၁၉)အစည်းအဝေးမှတ်တမ်းကို တင်ပြအတည်ပြ ချက်ရယူပြီး တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၁၉)အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို လျှောက်ထားသည်။
ဆက်လက်၍ ဗဟိုပညာရေးအဖွဲ့(၂/၂၀၁၉)အစည်းအဝေးမှ တင်ပြချက်များ အပေါ် ဆွေးနွေးဆုံးဖြတ်ခြင်း၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်/မန္တလေး)တို့မှ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေး ဆုံးဖြတ်ကြသည်။
ယင်းနောက် သဘာပတိ ဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်/မန္တလေး)မှ ပါမောက္ခချုပ် ဆရာတော်နှင့် ဒုတိယ ပါမောက္ခချုပ် ဆရာတော်များ၊ သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဝင်များ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment