နေပြည်တော် စက်တင်ဘာ ၁၅
ကျောက်ပန်းတောင်းမြို့နယ်အသင်း (ရန်ကုန်) ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့်
သက်ကြီး ပူဇော်ပွဲကို စွယ်တော်မြတ်စေတီတော်ဝင်းအတွင်းရှိ အရဟံဓမ္မာရုံ၌
ယနေ့ နံနက် ၉ နာရီ တွင် ကျင်းပသည်။
အခမ်းနားသို့ ပင့်သံဃာ ၃၃ ပါး ကြွရောက် တော်မူကြပြီး ကျောက်ပန်းတောင်းမြို့နယ် အသင်း၏ ဂုဏ်ထူးဆောင်နာယက၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အခမ်းအနားသို့ တက်ရောက် ကြည်ညို သည်။
အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ်အသင်း၏ ဉက္ကဋ္ဌ ဗိုလ်မှူးကြီး နေဝင်း (ငြိမ်း)က အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ လျှောက်ထားပြီးအသင်း၏ ဂုဏ်ထူးဆောင်နာယက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။ ဆက်လက်၍ သရက်တော သာမဏေကျော် ကျောင်းဆရာတော် ဘဒ္ဒန္တ သံဝရ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကျောက်ပန်းတောင်း အသင်းသူ အသင်းသား များက ဆရာတော်သံဃာတော်များကို ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဣစ္ဆာသယကျောင်းဆရာတော် ဘဒ္ဒန္တခေမိန္ဒ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာ တရားချီးမြှင့်ကာ ရေစက်သွန်းချ အမျှပေးဝေသည်။
ယင်းနောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး မွန်းလွဲ ပိုင်းတွင် သက်ကြီး ပူဇော်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာတွင် ပထမဦးစွာ အသင်း ဥက္ကဋ္ဌ ဦးနေဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အဖိုးအဖွားများအား ကန်တော့ ကြခြင်း၊ ကန့်တော့ခံအဖိုး ဦးတင်ဝမ်းမောင်က သြဝါဒစကားပြောကြားခြင်း၊ အသင်း၏ နာယက ဦးကျော်က နိဂုံးချုပ်အမှာ စကားပြောကြားခြင်း၊ အသင်းဥက္ကဋ္ဌ ဦးနေဝင်းက နိဂုံး ချုပ်အမှာစကားပြောကြား သည်။
အခမ်းအနားတွင် အဖိုး (၆၁)ဦး၊ အဖွား (၆၈)ဦး၊ စုစုပေါင်း (၁၂၉)ဦးတို့အား ပူဇော်ကန်တော့ ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment