ရန်ကုန် စက်တင်ဘာ ၁၂
ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ
ပြည်တွင်းလုပ်သား အရေအတွက် ၁၆၀၀၀၀ ကျော်ကို အလုပ်အကိုင်များ
ဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုမိန့်အရ ယခုဘဏ္ဍာနှစ် ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ဩဂုတ် ၃၀ ရက်အထိ ၁၁ လအတွင်း မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၅၂ ခုမှ ပြည်တွင်းလုပ်သားပေါင်း ၁၇၀၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ယခင်ခွင့်ပြုပြီး လုပ်ငန်း များမှ လုပ်သားအင်အား တိုးမြှင့်ခြင်းကြောင့်လည်း ပြည်တွင်းလုပ်သား ၄၀ ကျော် ကို အလုပ်အကိုင်များ ထပ်မံဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အရ ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ဩဂုတ် ၃၀ ရက်အထိ ၁၁ လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် ၂၅၂ ခုမှ ပြည်တွင်းလုပ်သားပေါင်း ၁၃၅၀၀၀ ကျော်ကို အလုပ်အကိုင်များ ဖန်တီးပေးနိုင်ကြောင်း၊ ယခင်ခွင့်ပြုပြီး လုပ်ငန်းများမှ လည်း လုပ်သားအင်အား တိုးမြှင့်ခြင်းကြောင့် ပြည်တွင်းလုပ်သား ၁၃၀၀၀ ကျော် ကို အလုပ်အကိုင်များ ထပ်မံဖန်တီးပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ ပြည်တွင်းလုပ်သား များကို အလုပ်အကိုင် ဖန်တီးပေးနိုင်သကဲ့သို့ ပြည်ပလုပ်သား ၄၆၀၀ ကျော်ကိုလည်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ ယခု ဘဏ္ဍာနှစ် ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၃၃၅ ဒသမ ၈၃၄ သန်း အပါအဝင် ကျပ် ၁၁၁၆၆၁၉ ဒသမ ၄၇၆ သန်း ရရှိထားပြီး ယခင်လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂၅ ဒသမ ၅၀၁ သန်း အပါအဝင် ကျပ် ၁၃၇၃၆၁၉ ဒသမ ၅၁၅ သန်း ရရှိထားကြောင်း သိရ သည်။
အလားတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ လည်း ယခုဘဏ္ဍာနှစ် ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၂၅၅၀ ဒသမ ၇၇၃ သန်း ရရှိထားပြီး ယခင် လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၈၇၆ ဒသမ ၃၅၂ သန်း ရရှိထားကြောင်း သိရသည်။
ငြိမ်းငြိမ်း

No comments:
Post a Comment