Wednesday, September 11, 2019

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲနှင့် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာတို့၌ AA အဖွဲ့က အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်



နေပြည်တော် စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲ၊ အလယ်ပိုင်း ရပ်ကွက်၊ ဈေးအတွင်း ယနေ့ နံနက်ပိုင်းက AA အဖွဲ့က သတ်ဖြတ်ထားသည့် အမျိုးသား အလောင်းနှစ်လောင်းအား တွေ့ရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ AA အဖွဲ့သည် အပြစ်မဲ့အရပ်သား ပြည်သူများဖြစ်သည့် သဲကမ်းတောင် ကျေးရွာနေ ဦးညီညီထွေးနှင့် ဦးမောင်လုံးတို့ နှစ်ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ပြီး အလယ်ပိုင်းရပ်ကွက်ရှိ ဈေးအတွင်း လမ်းလေးခွဆုံ၌ ထားရှိခဲ့ခြင်း ဖြစ်ကြောင်း။
ထို့ပြင် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာမှ ဦးခိုင်သည် မိသားစုနှင့် အတူ နေအိမ်၌အိပ်နေစဉ် စက်တင်ဘာ ၉ ရက် ည ၁၂ နာရီခန့်တွင် AA အဖွဲ့မှ သုံးဦးရောက်ရှိလာပြီး ဓားဖြင့်ခုတ်သတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း။
အလားတူ ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် ပလက်၀မြို့နယ်၊ ထရွန်အိုင်ကျေးရွာမှ အပြစ်မဲ့အရပ်သား ၁ ဦးအား ကျောက်တော်မြို့၊ ချမ်းမြေ့နဒီပန်းခြံဆိပ်ကမ်းရှိ စက်လှေဆိပ်၌လည်းကောင်း၊ မတ် ၂၀ ရက်တွင် မြေပုံမြို့နယ်၊ စံညှင်းကျေးရွာမှ အပြစ်မဲ့အရပ်သား ၁ ဦးအား လည်းကောင်း၊ မတ် ၂၃ ရက်တွင် တိမ်ညိုရဲစခန်းမှ စခန်းမှူးအား လည်းကောင်း၊ မေ ၁ ရက်တွင် ကျောက်တော်မြို့နယ်၊ ပီကောက်၀ (ရခိုင်) ကျေးရွာအတွင်း နေထိုင်သည့် တပ်မတော်မှ အငြိမ်းစားတပ်ကြပ်ကြီး ၁ ဦးအား လည်းကောင်း၊ ဩဂုတ် ၃ ရက်တွင် ကျောက်တော်မြို့နယ်၊ ဆင်အိုင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သာဒါဆိပ်ကျေးရွာ ရာအိမ်မှူးတို့အား လည်းကောင်း၊ စက်တင်ဘာ ၁ ရက်တွင် ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာ တွင်နေအိမ်၌ ဈေးရောင်းနေသည့် အပြစ်မဲ့အရပ်သား ၂ ဦးနှင့် ယိုးတရုတ် ကျေးရွာဈေး အတွင်း၌ ဈေးဝယ်နေသည့် ဒုရဲအုပ် ၁ ဦးတို့အား လည်းကောင်း AA အဖွဲ့က လက်နက်ငယ်များ၊ ဓားများဖြင့် အကြောင်းမဲ့ ပစ်ခတ်ထိုးသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment