Wednesday, August 7, 2019

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေစီးပွားရေး သမဝါယမအသင်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကျင်းပ



နေပြည်တော် ဩဂုတ် ၆


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေ စီးပွားရေး သမဝါယမအသင်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အသင်းသားများနှင့် ဇမ္ဗူသီရိမြို့နယ် သမဝါယမဦးစီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။



အခမ်းအနားတွင် အထွေထွေစီးပွားရေးသမဝါယမအသင်း ဥက္ကဋ္ဌ ဦးရဲနိုင်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး အတွင်းရေးမှူးက အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းနှင့် အသားတင် အကျိုးအမြတ် ခွဲဝေမှုကိုလည်းကောင်း ဖတ်ကြားတင်ပြပြီး အသင်းသား များ၏ အတည်ပြုချက်ရယူကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် အမှုဆောင်သစ်များကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေ စီးပွားရေး သမဝါယမအသင်းအနေဖြင့် အသင်းသားများ၏ စုဆောင်းငွေများ၊ အစုရှယ်ယာများဖြင့် အသင်းသားများကို ချေးငွေများ ထုတ်ချေး ပေးခြင်း၊ အမြတ်ငွေများအား အသင်းသားများသို့ ပြန်လည်ခွဲဝေထုတ်ပေးခြင်း များသာမက Coporate Social Responsibilities အဖြစ် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏ သာရေး၊ နာရေးထောက်ပံ့ငွေများ၊ ပညာသင်ထောက်ပံ့ငွေများကိုပါ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment