နေပြည်တော် ဩဂုတ် ၆
ရခိုင်ပြည်နယ်
မောင်တောမြို့နယ် နယ်မြေ (၃) အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်း ရဲကင်းစခန်းမှ
ရဲအုပ်မြတ်ဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်များ သည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်း
အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ် (၀၀၅)ပါ နှစ်စင်း ဖြင့်လည်းကောင်း၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Whykong BOP ကင်းစခန်းမှူး
Subedar Md. Mortuja Ali ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် နှစ်စင်းဖြင့်လည်းကောင်း
စုစုပေါင်း လေးစင်းသည် ယမန်နေ့ နံနက်ပိုင်းက ပြူးမချောင်း၀ထိပ် နတ်မြစ် မြစ်လယ်ရှိ
နှစ်နိုင်ငံနယ်နိမိတ် အနီးဆုံရပ် ရေမိုင် အမှတ်(၁၅)အနီးမှ သဲချောင်း ချောင်း၀ထိပ်
ရေမိုင်အမှတ် (၁၈)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍
ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (၀၀၅) ပေါ်၌ နှစ်ဖက် ကင်းလှည့် သည့်အဖွဲ့များ
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား
No comments:
Post a Comment