နေပြည်တော် ဩဂုတ် ၇
ဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ တည်ဆောက်ရန်
မြေယာ အသုံးပြုမှု စီမံခန့်ခွဲရေးကော်မတီ ဆဋ္ဌမအကြိမ်လုပ်ငန်း
ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ အချိန်တွင် နေပြည်တော်ရှိ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ သည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းနိုင်ရေး၊ ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှင်မြန်စွာ ခွင့်ပြုနိုင်ရေးနှင့် ဆက်သွယ်ရေး ကွန်ရက်အထောက်အကူပြု အခြေခံ အဆောက်အအုံ ဖြတ်သန်းချခင်းခွင့်ဆိုင်ရာ နည်းဥပဒေများ(Right of Way Rule) ရေးဆွဲနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများမှ တင်ပြလာသည့် အခက်အခဲများ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားလာရာတွင် ဦးစီးဌာနမှ စိစစ်ခွင့်ပြုသည့် လုပ်ငန်းစဉ်များ၊ ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံ အသုံးပြုမှုနှင့် စပ်လျဉ်း၍ နည်းဥပဒေများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအား တင်ပြဆွေးနွေးသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သက်ဆိုင်ရာ ဝန်ကြီးများနှင့် ဖိတ်ကြားထားသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များကလည်း ၎င်းတို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆက်သွယ်ရေးအခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်ကွက်မှုများ၊ ဆက်သွယ်ရေး ကွန်ရက်အထောက်အကူပြု အခြေခံအဆောက်အအုံ ဖြတ်သန်းချခင်းခွင့်ဆိုင်ရာ နည်းဥပဒေတွင် ပါဝင်စေလိုသည့် အချက်အလက်များ၊ ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်း ဆောင်ရွက်နိုင်ရေး ကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment