Thursday, August 8, 2019

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သတ္တုဖွံဖြိုးရေးဘဏ်လီမိတက် (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


  

နေပြည်တော် ဩဂုတ် ၇

သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက်(နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော် သပြေကုန်းဈေး ၌ ကျင်းပသည်။


ဖဲကြိုးဖြတ် ဖွင့်လှစ်

အခမ်းအနားတွင် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးဝင်းသော်နှင့် ဦးအောင်အောင်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့ဥက္ကဋ္ဌ ဦးရုံးမူတို့က ဘဏ်အဆောက်အဦကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် သတ္တုဖွံ့ ဖြိုးရေးဘဏ်လီမိတက်ဆိုင်းဘုတ်ကို ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ ဦးလဖိုင်ခွန်ဆာနှင့် ဦးရုံးမူတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သတ္တုဖွံ့ဖြိုးရေး ဘဏ် အဆောက်အဦအတွင်း ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

သတင်းစဉ်

No comments:

Post a Comment